My Master-16 (Z+U)

699 61 4
                                    

(Unicode)

မနက်ကျနော်အလုပ်သွားဖို့ ထုံးစံအတိုင်း Baekhyunကကျနော့်ကို နက်ကတိုင်စီးပေးနေသည်။ ညဘက်အလုပ်ကိစ္စရှိလို့ အိမ်ပြန်နောက်ကျမှာဖြစ်တာကြောင့်

"Baekhyun ဒီနေ့ညစာပြင်မထားနဲ့ ဒီညအလုပ်ကိစ္စရှိလို့ ပြန်မလာဖြစ်ဘူး"ဟုသူ့ကိုပြောမိတော့

"သခင်လေး ကျနော်ကတော့ဖြစ်နိုင်ရင် သခင်လေးကိုမှောင်ခိုလောကက ကိစ္စတွေမလုပ်စေချင်ဘူး သခင်လေးအဲ့တာတွေမလုပ်လို့မရဘူးလား" Baekhyunကစိုးရိမ်သည့်အသံဖြင့်ပြန်ပြောလာသည်။

"မလုပ်နဲ့လို့ပြောရအောင် မင်းကဘာမလို့လဲ ကိုယ့်အဆင့်ကိုယ်သိနော် Baekhyun"

ကျစ်။ ကိုယ့်ပါးစပ်ကတောင်မသိဘဲ မြန်မြန်ဆန်ဆန်ပဲအဲ့လိုပြောထွက်သွားပြန်ပြီ။ Baekhyunအပေါ‌် လျော့‌ေပါ့‌ေပးဖို့ကြိုးစားကြည့်မလို့စဉ်းစားကြည့်ထားတာကို။

ကျနော်အဲ့လိုပြောတော့ Baekhyunမျက်နှာလေးညှိုးခနဲဖြစ်သွားကာ
"တောင်းပန်ပါတယ် သခင်လေး" ဟုပြန်ပြောလာသည်။

ညှိုးသွားတဲ့သူ့မျက်နှာကိုဆက်မကြည့်ရက်တော့တာမလို့ "သွားတော့ မနက်စာစားဖို့သွားပြင်ထားလိုက်တော့"ဟုသာပြောပြီး နှင်လွှတ်လိုက်သည်။

ထိုညကကျနော်ဒဏ်ရာရခဲ့ပါသည်။

ကျနော်မြင်နေရသည်။ Baekhyunကကျနော့်ကို မုန်းတယ်ဟုပြောကာ ကျောခိုင်းထွက်သွားသည်တဲ့။ မရဘူး Baekhyun။ ငါ့ခွင့်ပြုချက်မရဘဲထွက်သွားခွင့်မရှိဘူး။ အိပ်မက်လိုလို တကယ်လိုလိုနဲ့ ဝေဝါးနေသလိုပင်။

"Hyun ကိုယ့်နားကမသွားပါနဲ့ " ကျနော့်ကိုကျောခိုင်းထွက်သွားသော Baekhyunကိုကျနော်အော်ခေါ်မိလိုက်သည်။
ဒါနဲ့ကျနော်ဘာလို့ BaekhyunကိုHyunလို့ခေါ်မိပါလိမ့်။
ထို့နောက်ကျနော်သည် အသိစိတ်တွေပျောက်ဆုံးသွားသောလူတစ်ယောက်ဖြစ်သွားသည်။ ဘာမှမမြင်။ဘာမှမကြားရတော့။

ဆေးရှိန်ကြောင့် ခေါင်းတွေကိုက်နေသည့်ကြားမှ မျက်လုံးများကို အသာအယာဖွင့်ကြည့်သည်။ မှန်ပြတင်းမှဖြတ်သန်းလာသော အလင်းတချို့ကြောင့် မနက်လင်းပြီဆိုတာကိုပါသိလိုက်ရသည်။

My Master (Completed) (Z+U)Where stories live. Discover now