My Master-13 (Z+U)

783 68 0
                                    

(Unicode)

"သူတို့ကိုဘာလို့ခေါ်လာတာလဲ Appa"

မိဘမဲ့ဂေဟာမှပြန်လာပြီး 2လလောက်ကြာပြီးနောက် ရက်တရက်မှာဖြစ်သည်။ ထိုနေ့မှာ Appaသည်ခါတိုင်းလို ပုံမှန်အလုပ်ဆင်းချိန်မှာပြန်မလာဘဲ တနာရီလောက်နောက်ကျပြီးမှအိမ်ပြန်လာခဲ့သည်။

ခြံထဲမှာရပ်လိုက်တဲ့ကားသံကြားတော့ ကျနော်နဲ့Sehunက Appaကိုသွားကြိုသည်။ Appaနဲ့အတူကားပေါ်မှ ကလေးလေးနှစ်ယောက်ပါဆင်းလာခဲ့သည်။
ထိုကလေးနှစ်ယောက်က ကျနော်နဲ့မိဘမဲ့ဂေဟာမှာတွေ့ခဲ့တဲ့ Baekhyunနဲ့ သူ့ရဲ့သူငယ်ချင်း Luhanဆိုသည့်ကလေးဖြစ်သည်။

"စစ္စတာကြီးက ရုတ်တရက်လေဖြတ်သွားလို့ ဆေးရုံမှာရောက်နေတယ် ဂေဟာကလည်းအစိုးရကပိတ်ခိုင်းနေပြီမလို့ ကလေးတွေကိုမွေးစားဖို့လူတွေရှာနေတာ Appaကငွေရေးကြေးရေး အဆင်ပြေလို့ ဒီကလေးနှစ်ယောက်ကိုတော့Appaတာဝန်ယူပေးချင်တယ်"

"ကျနော်နဲ့ Sehunရှိနေတာကို Appaကထပ်ပြီးမွေးစားဦးမယ်ပေါ့ "

"Appaတတ်နိုင်သလောက်ကူညီပေးတာပါ"

"ရတယ် မွေးစားချင်ရင်မွေးစားပေါ့ ကျနော်ကတော့သူတို့ကိုမိသားစုစာရင်းထဲမထည့်နိုင်ဘူး Appa "
ကျနော်ဆိုလိုတဲ့သဘောက ဒီကလေးနှစ်ယောက်ဟာ Parkမျိုးနွယ်တွေဖြစ်မလာရဘူး။ ဒီကလေးနှစ်ယောက်ဟာကျနော်နဲ့တတန်းတည်းဖြစ်မလာရဘူး။

"Chanyeolရယ်"

"မိသားစုစာရင်းထဲထည့်လိုက်ရင် ကျနော်Appaသားမဟုတ်တော့ဘူး"
5နှစ်အရွယ်နဲ့မလိုက်တဲ့ စကားတွေကျနော်ပြောခဲ့မိတယ်ထင်တာပဲ။

Appaက သက်ပြင်းချလိုက်ကာ

"ဒါဆိုလည်း Appaသူတို့ကိုမိသားစုစာရင်းထဲမထည့်တော့ပါဘူး ခုတော့ညစာစားကြရအောင်နော်"

Appaသည်ထိုကလေးနှစ်ယောက်ကိုအိမ်ထဲခေါ်သွားပြီး ထမင်းစားခန်းထဲခေါ်သွားသည်။

"ထမင်းစားဖို့ပြင်တော့"

"ဟုတ်ကဲ့ သခင်ကြီး"

ထမင်းဟင်းတွေအကုန်ပြင်ပြီးတော့ Appaကထိုကလေးနှစ်ယောက်ကို
"သားတို့စားကြနော် မ‌ကြောက်နဲ့"

My Master (Completed) (Z+U)Where stories live. Discover now