My Master-32 (Z+U)

700 42 0
                                    

(Unicode)

မနက်စာထမင်းဝိုင်းမှာ ကျနော်တို့ထိုင်နေကြပြီး Dr Dohပြင်ပေးထားတဲ့ ထမင်းကြော်ကိုစားနေကြသည်။

"Dr Doh...Dr Doh!!! "
အိမ်ပြင်ဘက်မှခေါ်သံကြားတာကြောင့် Dr Dohကစားလက်စကိုရပ်ပြီးအိမ်ပြင်ထွက်ကြည့်သည်။

"ကျနော့်အမေချော်လဲသွားလို့ Dr ခဏလောက်လိုက်ကြည့်ပေးလို့ရမလား "

အိမ်ပြင်ကအသံတွေကို ထမင်းစားနေတဲ့ကျနော်တို့အကုန်ကြားနေရသည်။

"ခဏစောင့် ဆေးအိတ်သွားယူဦးမယ် "
KyungSoo Hyungကစားလက်စကိုရပ်ပြီး Dr Dohဆီသွားကာ ဆေးအိတ်ယူနေတဲ့ Dr Dohကို

"ကျနော်သွားပေးလိုက်မယ်လေ Appa "

"ရတယ် KyungSooမနက်စာစားနေ ငါပဲသွားမယ် "
ဒါပဲပြောပြီး Dr Dohကဆေးအိတ်ကိုဆွဲကာ ထွက်သွားလေသည်။

KyungSoo Hyungလည်းထမင်းစားခန်းထဲဝင်ကာမနက်စာဆက်စားလေသည်။ မနက်စာစားပြီး ဧည့်ခန်းမှာထိုင်‌ပြီးကော်ဖီသောက်ကြလေသည်။ TVကိုပါဖွင့်ထားပြီး TVမှမနက်ခင်းသတင်းတွေလွှင့်နေသည်။

"အခုဆက်လက်ပြီး တင်ပြမယ့်သတင်းကတော့တောင်ကိုရီးယားရဲ့အကြီးမားဆုံးစီးပွားရေး gpတွေထဲကတစ်ခုဖြစ်တဲ့ Lee gpရဲ့ CEO ဖြစ်သူ Lee Won Sungက P.A.R.K Hotelရဲ့ VVIP-GOLDအခန်းမှာသေဆုံးလျက်တွေ့ရှိကြောင်းတင်ပြမှာပဲဖြစ်ပါတယ် မနေ့ညက Lee gpပိုင် P.A.R.K Hotelမှာကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲကျင်းပခဲ့တာပဲဖြစ်ပါတယ် ညစာစားပွဲကျင်းပရင်း အတွင်းရေးမှူးဖြစ်သူမှ VVIP-GOLDအခန်းကိုတက်သွားတဲ့ CEO Leeကိုမတွေ့ရတာကြောင့်ဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဖုန်းမကိုင်တာကြောင့် VVIP-GOLDအခန်းကိုတက်ကြည့်ခဲ့ပါတယ် VVIP-GOLDအခန်းရောက်တဲ့အခါမှာတော့ သွေးအိုင်စွန်းနေတဲ့ကြမ်းပြင်ပေါ်လဲကျနေတဲ့ CEO Leeကိုတွေ့တာကြောင့်အနားကပ်ကြည့်ခဲ့တဲ့အခါမှာတော့ ‌CEO Leeရဲ့ခေါင်းကနေသွေးတွေထွက်နေတာကိုတွေ့ရှိခဲ့ရပါတယ် စိတ်မချလို့အသက်ရှူမရှူကိုစစ်‌ေဆးကြည့်တဲ့အခါအသက်မရှူတာကြောင့် သေဆုံးနေပြီဖြစ်မှန်းသိခဲ့ရပါတယ် အဲ့ဒီနောက်မှာတော့ ရဲတွေကိုအကြောင်းကြားခဲ့ပြီး ရဲတွေနဲ့မှုခင်းဆရာဝန်ရောက်ရှိလာတဲ့အခါမှာတော့ သေဆုံးနေပြီဖြစ်ကြောင်းအတည်ပြုခ့ဲပါတယ် အခုအခါမှာတော့ CEO Leeရဲ့သေဆုံးမှုဟာ မတော်တဆလား အသတ်ခံရတာလားကိုရှာဖွေစုံစမ်းနေကြပြီပဲဖြစ်ပါတယ် "

My Master (Completed) (Z+U)Where stories live. Discover now