My Master-12 (CY's POV) (Z+U)

792 61 2
                                    

(Unicode)

Chanyeol's POV,

ကျနော်ဆိုတာ မွေးကတည်းကကြွယ်ဝချမ်းသာမှုဆိုတာနဲ့မွေးဖွားလာခဲ့ရပြီး ကျ‌နော်လက်ညိုးထိုးရာကိုကျနော့်အပိုင်ဖြစ်စေလောက်သည့်ကံကောင်းမှုမျိုးနှင့်မွေးဖွားလာခဲ့ရသူဖြစ်သည်။
မပြည့်စုံမှုဆိုတာဘယ်လိုမျိုးလဲဟုဆိုတာကို မသိနိုင်လောက်အောင် ကျနော့်မိဘတွေကလိုလေသေးမရှိအောင်ကျနော့်ကိုဖြည့်ဆည်းပေးခဲ့သည်။

ကျနော့်ဘဝမှာ ဖေဖေရယ်၊မေမေရယ်၊ကျနော်ရယ်နဲ့ ဘဝကြီးကအရမ်းကိုပျော်ရွှင်စရာကောင်းခဲ့သည်။
ကျ‌နော့်အသက် 2နှစ်မှာကျနော့်မေမေရဲ့ဗိုက်ကလေးဟာတဖြည်းဖြည်းကြီးလာခဲ့သည်။ ကျနော့်ကအသက်ငယ်သေးတာမလို့ဘာမှမသိဘဲ မေမေ့ဗိုက်ကလေးကိုကိုင်မိတိုင်း မေမေက

"ဒီဗိုက်ထဲက သားရဲ့ညီလေး ဒါမှမဟုတ် ညီမလေးဖြစ်လာမယ့်ကလေးလေးရှိနေတယ်"

ကျနော်ကညဆိုလျှင်Ommaနဲ့‌Appaအလယ်ကြားမှာအိပ်တတ်သည်။ ထိုသို့အိပ်ရရင် လုံခြုံပြီးနွေးထွေးသည်။

တနေ့ညနေ ကျနော်ကခြံထဲကမြက်ခင်းပေါ်မှာစက်ရုပ်‌ေတွန့ဲကစားနေပြီး Ommaကခုံတလုံးပေါ်မှာသက်တောင့်သက်သာထိုင်နေကာ ကျနော့်ကိုပြုံးကြည့်နေသည်။

"သားYeollieရေ ရေချိုးရမယ်"

တနေကုန်ဆော့ထားတာမလို့ ချွေးတွေရောဖုန်တွေရောပေပွနေသည့် ကျနော့်ဆီကို Ommaကခုံမှထလာပြီးလာဖို့ပြင်လိုက်သော်လည်း

"အား !!!"Ommaအော်သံနဲ့အတူ ဂါဝန်ဝတ်ထားတဲ့Ommaခြေသလုံးတွေပေါ် ရေလိုအရည်တွေကျလာသည်။

Ommaထိုသို့ဖြစ်တာမြင်တော့ ကျနော်တို့အိမ်တော်ထဲက အိမ်အကူတွေကချက်ချင်းပြေးလာကာ

"သခင်မကြီးမွေးတော့မယ်ထင်တယ် ဆေးရုံပို့ဖို့ပြင် သခင်ကြီးကိုလည်းဖုန်းဆက်လိုက်"

တအိမ်လုံးလည်းရုတ်ရုတ်သဲသဲဖြစ်သွားပြီး ကျနော့်ကိုအိမ်အကူအဒေါ်ကြီးကလာပွေ့သည်။
ဒရိုင်ဘာဦးလေးကြီးကတော့ အိမ်အကူတွေနဲ့အတူမေမေ့ကို ကားပေါ်တင်ပြီးဆေးရုံခေါ်သွားသည်။

My Master (Completed) (Z+U)Where stories live. Discover now