ဒါက သူလိုချင်တဲ့ အရာတစ်ခုဆိုတာ သိသာထင်ရှားပါတယ်... ဒါပေမယ့် ဘာလို့ ဒီလောက်နာကျင်ခံစားခဲ့နေရ
တာလဲ...ဒီခံစားချက်က ရှဲ့ဟယ်သူ့ကို မုန်းနေတာထက် အဆပေါင်းများစွာပိုပြီးနာကျင်ရပါတယ်....
ဒါပေမယ့် သူ့ရဲ့နာကျင်မှုတွေကို ပုံဖော်ပြသဖို့ စကားလုံးရှာမရခဲ့ဘူး....အဲ့အစား သူ့အရှေ့ကလူငယ်လေးကြောက်လန့်မသွားအောင် ကျိုးရိကျယ်တစ်ယောက် ခံစားရသမျှjတွေကို အနိုင်နိုင် ဖုံးဖိနေရတယ်။
ရှဲ့သယ်ဘက်က ကျိုးရိကျယ်ကို နမ်းလိုက်ပေမယ့် ကျိုးရိကျယ်ဘက်က ဘာမှမတုံ့ပြန်ခဲ့ဘူး....ကျိုးရိကျယ်က ရှဲ့ဟယ်ကို လေးနက်တဲ့ အမူအရာနဲ့သေချာစွာ စူးစိုက်ကြည့်နေတယ်။ဒီအကြည့်တွေက ရှဲ့ဟယ်ကို ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ နေ့တစ်နေ့ကို ....ထိုနေ့တုန်းက ကျိုးရိကျယ်သူ့ကို ဒီလိုအကြည့်တွေပြန်ပြောင်းအမှတ်ရသွားစေခဲ့တယ်နဲ့ ကြည့်ပြီး ရက်စက်စွာညှဉ်းပမ်းနှိပ်စက်ခဲ့တယ်မဟုတ်လား....
ရှဲ့ဟယ် ရုတ်တရက်ကြီး ခန္ဓာကိုယ်ကို ကွေးချလိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်တယ်။
"ကျွန်တော် သူ့အကြောင်းမတွေးတော့ပါဘူး....စိတ်မဆိုးလိုက်ပါနဲ့...စိတ်မဆိုးလိုက်ပါနဲ့...."
နှုတ်ကသာ ဒီလိုအော်နေပေမယ့် မျက်ဝန်းတွေထဲမှာတော့...
//အဲ့နေ့တုန်းကလို ထပ်မလုပ်ပါနဲ့တော့....ကောင်းကောင်းနေပါမယ်လို့ ကတိပေးပါတယ်...ခင်ဗျားစိတ်ကျေနပ်ဖို့ ဘာမဆို လိုက်လျောပါ့မယ်...//
နာကျင်လွန်းတာကြောင့် ကျိုးရိကျယ် မျက်လုံးတွေမှိတ်ချလိုက်တယ်။နှုတ်ခမ်းထောင့်တွေကို အတင်းကာရော မြှင့်တင်ပြီး အတင်းအကျယ်ပြုံးပြနေရတယ်။
"ကိုယ် မင်းကို စိတ်မဆိုးပါဘူး.."
"တကယ်...တကယ်လား??"
ရှဲ့ဟယ်က အံ့အားသင့်ပြီး ဝမ်းသားနေတဲ့ အမူအရာနဲ့မေးနေတယ်။
"ကိုယ်တကယ် စိတ်ဆိုးမပါဘူးကွာ..."
ကျိုးရိကျယ်ရဲ့လေသံက သူ့ကိုယ်သူ နှစ်သိမ့်နေတာနဲ့ပိုတူနေတယ်။ရှဲ့ဟယ်ရဲ့ ကျောပြင်ကိုညှင်သာစွာပွတ်သပ်ပေးလိုက်တဲ့အခါ တုန်ရီနေတဲ့ ခန္ဓာကိုယ်လေးက တဖြည်းဖြည်းနဲ့ တည်ငြိမ်သွားခဲ့လေတယ်။

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။