ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)

5K 853 29
                                    

ကျိုးရိအန်ရဲ့ အကြည့်က သွေးဆာရက်စက်နေပြီး  သူ့လေသံက မြွေပွေးကဲ့သို့ အေးစက်နေတယ်။ ရှဲ့ဟယ်ရဲ့ မေးစေ့ကို အင်အားအလွန်အကျွံ သုံးပြီးဖျစ်ညှစ်လိုက်ပြီး  အေးစက်တဲ့ အပြုံးတစ်ခုကို ရှဲ့ဟယ်မြင်နိုင်စေဖို့အတွက်ခေါင်းငုံ့လိုက်တယ်။

"တကယ် သနားစရာကောင်းလိုက်တာ။ ဒီနေ့ မင်းဒီမှာမနေဘူးဆိုရင် ကျိုးရိကျယ် က မင်းကို မလိုချင်တော့ဘူး ဟုတ်တယ်မလား??"

ဖျစ်ညှစ်ခံထားရတဲ့ မေးစေ့က ဆိုးဆိုးဝါးဝါးနာကျင်နေပေမယ့် ရှဲ့ဟယ်ရဲ့မျက်နှာပေးက ဗလာကျင်းနေခဲ့တယ်။

"ဟုတ်တယ်"

"ပတ်သတ်ခဲ့ဖူးတာတွေကိုထောက်ထားတဲ့အနေနဲ့ မင်းကိုအခွင့်ရေးပေးလိုက်ပါ့မယ်..."

ကျိုးရိအန်ရဲ့ နှုတ်ခမ်းထောင့်တွေမြင့်တက်သွားတယ်။သွေးဆုတ်ဖြူဖျော့နေတဲ့ ရှဲ့ဟယ်ရဲ့မျက်နှာကို အေးစက်စွာရယ်မောလိုက်တယ်။

"မင်းငါ့အစ်ကိုစီမှာ ဘယ်လိုအသုံးတော်ခံခဲ့လဲဆိုတာပြစမ်းပါဉီး!! Skillကောင်းကောင်းရှိလို့သာ မင်းလိုအပျက်ကောင်ကို ငါ့အစ်ကိုကအနားမှာခေါ်ထားတာမလား?"

ကျိုးရိအန်က ရှဲ့ဟယ်ကိုရုတ်တရက် လွှတ်ပေးလိုက်ပြီး ခုံပေါ်မှာ ဟန်ပါပါ ခြေချိတ်ထိုင်လိုက်တယ်။

"မင်းငါ့ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင် ဒီမှာတစ်ညနေခွင့်ပေးမယ်"

"ကောင်းပါပြီ"

ရှဲ့ဟယ်ရဲ့အပြုံးတွေ မှိန်ဖျော့နေတယ်။

လက်ချောင်းတွေက အင်းကျီကြယ်သီးတွေပေါ်ရွေ့လျားနေတယ်။အင်းကျီကိုကြမ်းပြင်ပေါ်ချွတ်ချလိုက်ပြီး ကျိုးရိအန်ရဲ့အရှေ့ကို တစ်လှမ်းချင်းလှမ်းသွားလိုက်တယ်။ခေါင်းငုံ့ မျက်လွှာချထားပြီး....

"ဒီလောက်ဆိုရပြီလား?"

သူ့ရှေ့က လူငယ်လေးကို ကျိုးရိအန်ကြည့်နေတယ်။အစကနေအဆုံးထိ တည်ငြိမ်အေးဆေးစွာနဲ့လုပ်ဆောင်နေခဲ့တယ်။ကျင့်သားရနေသလို.....လူတကာရှေ့မှာ အရှက်တရားကင်းမဲ့စွာ အင်းကျီချွတ်ပြရတာကို ကျင့်သားရနေသလို အေးဆေးတည်ငြိမ်နေတယ်....အစကနေ အဆုံးထိ သဘာဝကျကျလှုပ်ရှားသွားတဲ့ ဒီကောင်လေးက သူ(ကျိုးရိအန်)သတိရတမ်းတနေတဲ့ ကောင်လေး မဟုတ်တော့ဘူး......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now