သူ သိပ်ချစ်ရတဲ့ ကောင်လေးကို ရင်ခွင်ထဲမှာပွေ့ဖက်ထားရတဲ့အတွက် ကျိုးရိကျယ် ကျေနပ်ဝမ်းသာနေတယ်။ကိုယ်စိတ်နှစ်ပါးစလုံး ပျော်ရွှင်မှုတွေကိုခံစားနေရတယ်။ကောင်လေးကို အုပ်မိုးပြီး နမ်းရှိုက်လိုက်တယ်။ဒီအနမ်းတွေထဲမှာ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေအပြည့်အဝ ပါဝင်ပါတယ်။အရာအားလုံးကိုအရည်ပျော်သွားနိုင်လောက်တဲ့အထိ ပူလောင်ပြင်းပြနေပြန်တယ်။
ကောင်လေးရဲ့မျက်ရည်စတွေကို လျှာဖျားနဲ့သုတ်ဖယ်ပေးလိုက်ပြီး ရှတတဖြစ်နေတဲ့တီတိုးလေသံနဲ့....
"ကိုယ် မင်းကိုချစ်တယ်"
ကောင်လေးရဲ့မျက်တောင်တွေလှုပ်ခပ်သွားပြီး သူ့ကိုမျက်လုံးဖွင့်ကြည့်တယ်။
ဒီမျက်ဝန်းလေးတွေက ကမ္ဘာ့အဖိုးထိုကိဆုံးသော ကျောက်မျက်ရတနာများသဖွယ် ကြည်လင်ရှင်းသန့်နေတယ်။ဒီလို ကြည်လင်ရှင်းသန့်နေတာကြောင့် ပြောင်းလဲမှုမှန်သမျှကို အရှင်းသားတွေ့မြင်နေရတတယ်။
ကျိုးရိကျယ် ဒီမျက်ဝန်းတွေကို အင်မတန်သဘေူကျနှစ်သက်ခဲ့ဖူးတယ်။အကြည့်တစ်ချက်နဲ့တင် အနက်ရှိုင်းဆုံးသောနေရာထိရောက်အောင် ဆွဲခေါ်သွားနိုင်တယ်....သို့ပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ဒီအချိန်မှာ ဒီမျက်ဝန်းတွေရဲ့ဘာသာစကားကိုနားမလည်ချင်တော့ဘူး.....
ဘာ့ကြောင့်လဲဆိုတော့....ဒီမျက်ဝန်းတွေထဲမှာ ချစ်ခြင်းမေတ္တာမပါဝင်ပဲ အေးစက်မှုတွေသာ တည်ရှိနေတယ်လေ.....
မျက်ရည်တွေက ဖြေးညှင်းငြိမ့်ညောင်းစွာစီးဆင်းနေတဲ့ စမ်းချောင်းတစ်ခုသဖွယ် ကောင်လေးရဲ့ပါးပြင်ပေါ်မှာစီးကျနေတယ်။ကျိုးရိကျယ်ကို သေချာကြည့်ပြီး.....
"ကျွန်တော်အခုထိ မလုပ်နိုင်သေးဘူး....."
"ကျွန်တော် ခင်ဗျားကိုလက်ခံချင်တယ်....ပြန်ချစ်နိုင်ဖို့လဲကြိုးစားခဲ့တယ်...ဒါပေမယ့်....ကျွန်တော်မလုပ်နိုင်ခဲ့ဘူး....သည်းမခံနိုင်လောက်တဲ့အထိနာကျင်တယ်......."
ကောင်လေးရဲ့မျက်နှာပေါ်မှာ နာကျင်ခံစားရတဲ့အရိပ်ယောာင်တွေတဖြည်းဖြည်းပေါ်ထွက်လာတယ်။ဒီစကားလုံးတွေက ကျိုးရိကျယ်ရဲ့နှလုံးသားကို အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်နေသည့်နှယ်......

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။