Episode-1

451K 13.1K 4.6K
                                    

Unicode

" Shit   !!!!! Mother Fucker "

ခလွမ်း

ခပ်ရေးရေး ဆဲသံအဆုံး လက်ထဲက vodka ပုလင်းနဲ့ ရှေ့ကကောင်ရဲ့ ခေါင်းကိုရိုက်ခွဲပြစ်လိုက်သည်။

" အားးးးး "

" ဆက်ပြော ခုနက စကား ဆက်ပြောစမ်း "

Club တစ်ခုလုံး လည်း ရန်ဖြစ်သံကြောင့် ရုတ်တရက်ကြီး ငြိမ်သက်သွားကြသည်။

DJ သမားလေးကလည်း သူ့ဒေါသကိုသိသဖြင့် မလှုပ်ရဲ။

" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါတောင်းပန်ပါတယ် လွှတ်ပေးပါနော်  "

ဆံပင်ကို ဆောင့်ဆွဲကာ မေးလိုက်တော့ အတုန်တုန်အရီရီဖြင့်ပြန်ဖြေလာသောသူ။

ဘယ်သူမှလည်း ဝင်မဆွဲရဲကြ Club Owner တောင် ရပ်ကြည့်နေရသည့်ဘဝ ။

ဒီကောင်လေး ဒေါသကို သိသည်မို့ အားလုံးက ရပ်ကြည့်နေရုံသာတတ်နိုင်သည်။

" တောင်းပန်တာကို မလိုချင်ဘူး ခုနကစကားပဲဆက်ပြောလိုက်စမ်းပါ ငါလိုးမသားရ "

ပါးစပ်က ပြောလည်းပြော လက်ကလည်း ခုနကထက်ပိုပြီးဆံပင်အရင်းကနေဆောင့်ဆွဲထားသ
ဖြင့်သူ့လက်ထဲမှာ John တစ်ယောက် ထွန့်ထွန့်လူးနေလေသည်။

" အာ့ ငါ မှားပါတယ် ငါမပြောသင့်တာကို ပြောမိသွားတာပါ အားးးးးးး "

" မင်းမေလိုးပဲ "

ဘုန်း !!!!

ခပ်ဝေးဝေးကို အားပြင်းပြင်း နဲ့ ကန်ထုတ်လိုက်တာကြောင့် John လွင့်ထွက်သွားရသည်။

" Security Security "

အသံက သြသည်မဆိုငြား ကြည်လင်ပြီး ပြတ်သားနေတာမို့ နားထောင်လိုက်ရတဲ့သူတိုင်းက ဒီကောင်လေးရဲ့ စကားတစ်ခွန်း ပြောရင်ပြောသလိုလိုက်ပြီးလုပ်ဆောင်ပေးကြမဲ့သူတွေချည်းပဲ။

အရှိန်ဝါတစ်မျိုးထုတ်လွှတ်နေသလိုပေါ့ သူ့ကိုမြင်တာနဲ့အလိုလိုရှိန်သွားကြတာများတယိ။

သူ့အသံကြားတာနဲ့ ရပ်ကြည့်နေကြတဲ့ Security နှစ်ဦးကအနားကို အပြေးလာတယ်။

" ဟုတ်ကဲ့ သခင်လေး "

" Owner ကို ပြောလိုက် ဒီ့ကောင်ကို Blacklist သွင်းဖို့ ဒီ မြို့နဲ့အနီးတစ်ဝိုက်က မြို့တွေက Club အတော်များများမှာ ရောနော် "

Baby of the billionaireWhere stories live. Discover now