Unicode
ကြီးမြတ်ကုဋေချီ Crore Empire ၏ ရုံးခွဲ တစ်ခုသို့ ခဏသွားပြီး ပြန်လာတော့ မိုးတောင် ချုပ်နေလေပြီ ။
အဝတ်စားတွေအကုန်ချွတ်ကာ ဒူးအထက်ဘောင်းဘီတိုအနက်တစ်ထည်သာ ဝတ်ထားလိုက်တယ်။
" သုံးနာရီလောက် ကြာသွားတာ ပဲ ဘုန်းဘေဘီ ဗိုက်ဆာနေပြီလား မသိဘူး "
ဘုန်းဘေဘီ နိုးနှင့်လောက်ပြီ ထင်၍ အခန်းထဲ ဝင်ကြည့်ရာထင်သည့်အတိုင်းပင်နိုးနေလေသည်။
" ခင်ဗျား ဗိုက်ဆာနေပြီလား ဘုန်းဘေဘီ "
ခွပ် !
" ဘုန်းဘေဘီ ခင်ဗျား ! ! ! "
ရုတ်တရက်ကြီး ဆွဲထိုးလာ၍ ကြီးမြတ်ကုဋေချီ ရှောင်ရန်လည်း အချိန်မရလိုက်။
" မခေါ်နဲ့ မင်းက လူယုတ်မာကောင် "
" ဘာကိုလဲ ခင်ဗျား ဘာတွေပြောနေတာလဲ ဘုန်းဘေဘီ "
လက်ထဲက ဖုန်းကို ထောင်ပြကာ ဘုန်းဘေဘီ ခုနကစကားပြောထားတဲ့ record ကို ဖွင့်ပြလိုက်သည် ။
" ကိုယ် မင်း ဆိုးတာ သွမ်းတာ နားလည်တယ် ကြီးမြတ်ကုဋေချီ ဒါပေမဲ့ လူတစ်ယောက် ရဲ့ အသက်အန္တရာယ်ကို မင်းထိခိုက်လာတာတော့ယုတ်မာတာဖြစ်သွားပြီ "
" ခင်ဗျား က ဦးရှေးအာဏာစက်ကို ထိလို့နာနေတာလား ဘုန်းဘေဘီ !!! "
ဟိုအဘိုးကြီးကြောင့်နဲ့ ဘုန်းဘေဘီက သူ့ကို တောင် ပြန်ထိုးတယ်ပေါ့ ။
" ဟုတ်တယ် ဘာဖြစ်လဲ နာတယ် မင်းက လူယုတ်မာ ကြီးမြတ်ကုဋေချီ ကိုယ် မင်းကို ရွံလိုက်တာ အပြစ်မရှိတဲ့ လူတစ်ယောက် ကို မင်းဒီလိုလုပ်ရက်တယ်နော် "
" လီးကို ရွံ ဘာဖြစ်လဲ ကျုပ်လုပ်တယ် ဒီထပ်ပိုဆိုးတာတွေလည်း လုပ်ပြဦးမှာ ဘုန်းဘေဘီ "
ဒေါသက ထိန်းမရအောင် ထွက်လာ၍ Leo အံကိုတင်းတင်းကြိတ်ထားမိသည် ။
လက်ကအကြောတွေပါ တင်းလာတာမို့ ဒီထပ်ပိုပြီး ဒေါသထွက်ရင် သူစိတ်ကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ ဘူး ။
" ကြီးမြတ်ကုဋေချီ အဲ့လိုမှန်း သိရင် ကိုယ်မင်းနဲ့ ရန်ကုန် လိုက်မလာဘူး မင်းတော်ပါတယ် ကိုယ်ဒီကိုလိုက်လာတုန်း မင်းက ဦးစက်ကို ဒုက္ခပေးတာပဲ ။ "
