Extra

29.1K 2.1K 489
                                    

Unicode

" ဘေဘီ ရာ ငိုချင်ရင် ငိုချလိုက်နော် "

ဘုန်းဘေဘီမှာ အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ထားပြီး ငိုချင်စိတ်ကို ထိန်းထားရသည့်အပြင် အခုနေအခါမျိုးမှာ သူ့မျက်နှာတစ်ခုလုံးလည်း အချိန်အခါမရွေး ပြိုကျတော့မည့် မိုးလိုမျိုး တအိအိနဲ့ ဖြစ်နေမှာ အသေအချာပင် ။

" နှုတ်ခမ်းကြီး ကိုက်ထားမဲ့အစား မောင့်ပုခုံးကို ကိုက်ပစ်လိုက်ကွာ ဘုန်းဘေဘီ "

အခုတောင် တစ်ကိုယ်လုံး မှာ ဒဏ်ရာဒဏ်ချက်က အပြည့်ဖြစ်နေတာတောင် သူ့ပုခုံးကို ကိုက်ဖို့ ပြောနေသည့် ကောင်အား မရည်ရွယ်ပါနဲ့ မျက်စောင်းသာထိုးပစ်လိုက်သည် ။

တစ်ခုခု ဖျားတာ နာတာ ရိုးရိုးကျန်းမာရေးမကောင်းတာမျိုးဖြစ်ရင်တောင် ဘုန်းဘေဘီမှာ ရင်ထဲ မီးမြိုက်ထားသလို နာကျင်ပြီး မနေတတ်မထိုင်တတ်နဲ့ ပြာယာခတ်နေတာကို အခု ဒီပုံစံကြီး မြင်လိုက်ရတော့ လူမှာ ဘာကိုမှ ခွန်းတုံ့မပြန်နိုင်ခဲ့ ။

ဒီကလေးဟာ သိပ်ကို ဆိုးလွန်းတယ် ။ ဘေဘီဟာ သူ့အသက်ကို ဘယ်လောက်တောင် အလေးထားလဲ သိရက်နဲ့ ။

" ကဲ ဟုတ်ပြီကွာ မောင်မှားတယ်နော် သူတို့က ဘေဘီ့ကို မောင့်ဆီကလုမယ်ပြောလို့ မောင်မကျေနပ်ဘူး အဲ့ဒါနဲ့ မောင်သွားချတာ ဆိုပေမဲ့လည်း မောင်နိုင်ပါတယ်နော် ဒါပေမဲ့ အပျော်လွန်ပြီး တစ်ဖက်က ထွက်လာတဲ့ကားကိုတော့ မောင်မမြင်လိုက်ဘူး "

သူ့လက်တစ်ဖက်ကို ဆွဲကာ ကလေးတွေလို နော် နော် နဲ့ ရှင်းပြလာတဲ့ ကလေးကြီးကိုလည်း ဘုန်းဘေဘီမှာ စိတ်မဆိုးရက်ပါ ။

ဂရန်းဟံသာကနေ ကြီးမြတ်ကုဋေချီရဲ့ လူနာရှင် ရှိပါသလားဆိုပြီး ဖုန်းဆက်လာတုန်းက ဘေဘီ့မှာ အယောင်ယောင် အမှားမှားနဲ့ ဖိနပ်တောင် စီးဖို့ သတိမရ ။ ဒီအတိုင်းကြီး ကားပေါ်ကောက်တက်မောင်းထွက်လာခဲ့ရတာ ။

" ဘေဘီရာ စိတ်မဆိုးပါနဲ့ မောင် ကားတိုက်ခံရတာ အဲ့လောက် မနာဘူး ဘေဘီ မျက်နှာလေးညိုးနေတာကမှ မောင့်အသည်းနှလုံးတွေ ပိုနာကျင်ရတယ် "

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

Baby of the billionaireWhere stories live. Discover now