Unicode
" ငါလိုးမသား !!!!! "
ဖြောင်း ဖြောင်း ဖြောင်း
" ပြန်ချ Leo ကို "
ငါးယောက် တစ်ယောက် မို့ အင်အားမမျှသော်လည်း Leo သူတို့ကို အသာလေးနိုင်ပါသည်။
ခွပ် ခွပ် ခွပ် ခွပ်
" အုပ်စုလိုက် ဝိုင်းကိုက်တာကို ငါက ကြောက်မယ်ထင်နေရင် မင်းတို့ မှားသွားပြီ John "
ဇက်ပိုးကို တံတောင်စစ်နဲ့တိုက်ကာ Leo John ရဲ့ တံကောက်ကွေးကို ခြေထောက်နဲ့ စောင့်ကန်လိုက်သည်။
" ငါ့ကို ဇယားလာမရှုပ်နဲ့လို့ ပြောထားတယ် လေ John မင်းဘာဖြစ်ချင်နေတာလဲ "
အခုလည်း ညဘက်ကြီး Leo အိမ်ပြန်တဲ့လမ်းမှာ ဒီကောင် အဖော်တွေခေါ်ပြီးအလစ်မှာချောင်းရိုက်တာပင်။
" မင်းကို မကျေနပ်ဘူး Leo "
အပေါင်းအပါလေးယောက်က John ဘေးမှာပင် အတုံးအရုံး လဲကျနေကြသည်။
"မကျေနပ်ရင် မင်း ဒဲ့ရှင်းလို့ရတယ် John အခုလို နောက်ကွယ်ကနေ ချောင်းရိုက်စရာ မလိုဘူး ငါလိုးမသားရဲ့ Fuck !!!! ငါနဲ့ ရန်မဖြစ်ရမနေနိုင်ဘူးလား "
နှုတ်ခမ်းထောင့်စွန်းကို တစ်ချက် ထိသွားတာမို့ Leo ဒေါသတွေပါ ထွက်လာတယ်။
" Club အတော်များများ မှာ ငါ့ကို Blacklist သွင်းထားတာ ပြန်ပြောပေး Leo ဒါဆို မင်းကို ငါမနှောင့်ယှက်တော့ဘူး "
" Fuck !!!!! မင်းမေလင်ကို သွားပြောခိုင်း ငါလိုးပဲ "
Helmet ကို သေချာဆောင်းကာ Daddy သူ သုံးနှစ်သားတုန်းက Present ပေးထားတဲ့ Ecosse Es1 spirit brand ဖြစ်သည့် motorcycle ကို စီးကာ အိမ်ပြန်လာလိုက်သည်။
ဘယ်အချိန်ထိ သူ့ကို John နှောင့်ယှက်နေဦးမှာလဲ ။
ကျောင်းမှာတုန်းက ရန်စကအခုထိမပြတ်သေးဘူးထင်ပါရဲ့ ။
John လိုက်နေတဲ့ ကောင်မလေး က Leo ကို အထာတွေ စွတ်ပေးကာ အပြတ်အသတ်ကိုကြွေနေခြင်းပင်။
Leo လည်း ဘာရယ်မဟုတ် အဲ့ကောင်မလေးနဲ့ 24 နာရီ တွဲပြီး လမ်းခွဲခဲ့တာ ။ အဲ့ဒါကို အဲ့မိန်းကလေးက Leo က သူ့ကို အပျော်ကြံပါတယ်ဆိုပြီး John ကို သွားတိုင်ရော ။
