Episode-22

99.4K 8.3K 1.3K
                                    

Unicode

" အရင်ဆုံး ငယ့်ကို ပြောပြစရာ တစ်ခုရှိတယ်  "

သူ့ကို စိတ်ဝင်တစား မော့ကြည့်နေသော ငယ့်အား စိတ်မပူစေရန်  ရှေးအာဏာစက် သက်
တောင့် သက်သာ နေပြလိုက်တယ် ။

" ပြောလေ ဦးစက် ကျွန်တော် နားထောင်နေပါတယ် "

" ငယ် လန့်တော့ မလန့်သွားနဲ့ ကိုယ်ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်တာမို့ "

" ပြောပါ ဦးစက်ရဲ့ ကျွန်တော် မလန့်ပါဘူး "

ဘာများပြောဖို့ပါလဲလို့ ဘုန်းဘေဘီ တွေးမိတယ်  ။ ဦးစက်က ဒီလောက်တောင်စကားပုလ္လင်ခံနေတာ။

" အင်း  ။  ကိုယ့်ခြေထောက်တွေ အချိန်အတိုင်းတာ တစ်ခု ထိ လမ်းပြန်မလျှောက်နိုင်တော့ဘူး ငယ် "

အံ့သြမှုနှင့်အတူ ဝိုင်းစက်သွားသော ဘုန်းဘေဘီ ၏  မျက်လုံး တစ်စုံ ။

" ဘယ်လို ဦးစက် ကျွန်တော် နားကြားမှားတာလား ။ ဟုတ်လား  "

ဘုန်းဘေဘီ တစ်ကယ်ကို လန့်သွားရပါသည် ။ အချိန်အတိုင်းတာတစ်ခုထိ တဲ့ ဦးစက်က လမ်းပြန်မလျှောက်နိုင်တာ ။

" ဟုတ်တယ် ငယ် ။ ကိုယ်ခြေထောက်နှစ်ဖက်လုံးထိခိုက်ထားတယ် "

" ဆရာဝန် ဆရာဝန် တွေနဲ့ မပြဘူးလားဟင် ဦးစက် ။ ဒါမှမဟုတ် နိုင်ငံခြားမှာ သွားမကုဘူးလား "

" မသွားပါဘူး ကိုယ်က  အချိန်တန် ပြန်ကောင်းလာမှာပါ ငယ်ရဲ့ "

" ကျွန်တော် တောင်းပန်ပါတယ် ဦးစက် ။ ကျွန်တော့်ကြောင့် ဖြစ်ရတာ "

" ဟုတ်တယ် ငယ့်ကြောင့် ဖြစ်ရတာ ။ ဒါကြောင့် ကိုယ် တောင်းဆိုတာ ဘာပဲဖြစ်ဖြစ်  ငယ်လက်ခံရမယ် "

သူ့ရဲ့ ဘာပဲဖြစ်ဖြစ် ဆိုတဲ့ စကားကြောင့် ငယ်က  ခဏလောက် ငြိမ်သက်သွားတာကိုရှေးအာဏာစက် သတိထားမိတယ်။

" ကျွန်တော် တတ်နိုင်တာ မှန်သမျှ တောင်းဆိုလို့ ရပါတယ် ဦးစက် "

" ငယ် တတ်နိုင်တာပဲ ကိုယ်တောင်းဆိုမှာပါ "

ဘုန်းဘေဘီ ခေါင်းသာ ငြိမ့်ပြလိုက်သည်။

Baby of the billionaireWhere stories live. Discover now