Unicode
ပြတင်းပေါက်ကနေဝင်လာတဲ့ နေရောင်ခြည်စူးရှရှက မျက်နှာပေါ်ကို ကျရောက်လာတာမို့ ဘုန်းဘေဘီ မျက်လုံး ဖွင့်ကြည့်လိုက်တယ်။
" Leo "
တိုးတိုးလေးမှ တိုးတိုးလေးသာ ထွက်လာသော အသံကြောင့် ဘေးမှာရှိတဲ့ စားပွဲပေါ်က ရေဗူးကြည်ပြာရောင်လေးကိုလှမ်းယူလိုက်သည်။
" အာ အဟွတ် !!!! "
တံတွေးပင်မြိုချလို့မရအောင် လည်ချောင်းက နာနေတာမို့ ရေကို ကြိတ်မှိတ်ပြီးသောက်လိုက်တယ်။
အခန်းထဲမှာ သူတစ်ယောက်ထဲ ရှိနေတာဖြစ်ပြီး Leo က ဘယ်ကိုထွက်သွားတာလဲမသိဘူး။
စီးကပ်ကပ်ဖြစ်နေတာကြောင့် ဘုန်းဘေဘီ အောက်ကိုငုံ့ကြည့်တော့ သက်ပြင်းသာ အသာချမိတယ်။
" သန့်ရှင်းရေးတောင်မလုပ်ပေးထားဘူးပဲ ကြီးမြတ်ကုဋေချီ "
နာရီကြည့်တော့ ကိုးနာရီထိုးနေပြီမို့ အိပ်ယာပေါ်ကအမြန်ထကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။
" အားးးးးးးး ကြီးမြတ်ကုဋေချီ !!! "
မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်ပုံစံကိုယ်ကြည့်ပြီး ဘုန်းဘေဘီ ဒေါသတွေထွက်လာသည်။
တစ်ကိုယ်လုံးမှာ Marking အရာတွေ အပြည့် ထင်းနေသည့် အပြင် တင်ပါးပေါ်က ကိုက်ရာတွေကြောင့်ရော လူကရစရာမရှိ။
အောက်နှုတ်ခမ်းကလည်း ပေါက်ပြဲနေပြီး လည်တိုင်တစ်လျှောက် ခရမ်းပုပ်ရောင်အမှတ်အသားတွေ။
သူ့ရဲ့ ဒီပုံစံကို ဦးစက်နဲ့နန်းမဟာဖွေးသာ မြင်သွားလို့ကတော့ ပြဿနာအကြီးအကျယ်တက်လိုက်
မယ့်ဖြစ်ခြင်း။ရေကို ခပ်မြန်မြန် ချိုးကာ ပြန်ထွက်လာလိုက်ပြီး ကြီးမြတ်ကုဋေချီ ရဲ့ Luggage ထဲက အဝါရောင် Hoodie တစ်ထည်ကို ကောက်စွပ်လိုက်တော့ ဘုန်းဘေဘီရဲ့ ပေါင်အထိကို အင်္ကျီ က ဖုံးသွားသည်။
" အာ ဟုတ်သား Leo နဲ့က Fit Size ဆိုပေမယ့် ကိုယ်နဲ့ကျ Over Size သွားဖြစ်တာပဲ "
လည်ပင်းကအရာတွေကို သေချာဖုံးထားလား ကြည့်ရသေးတယ်။
လုံလုံခြုံခြုံ ဖြစ်ပြီဆိုကာမှ ဘုန်းဘေဘီအခန်းပြင်ထွက်ပြီး အပြင်မှာ လူရှိမရှိ အရင်ကြည့်လိုက်သည်။
