Unicode
ဘုန်းဘေဘီရဲ့ ပုခုံးပေါ်ကိုလက်တင်ထားတဲ့ကောင်ကြောင့် Leo အံကိုတင်းတင်းကြိတ်ထားမိသည်။
" ခင်ဗျား ဘေးက လူက ဘယ်သူလဲ ဘုန်းဘေဘီ "
မျက်နှာမှာ ချွေးစို့နေတာမို့ ဒီကောင်လေး ဒီကို အပြေးလာခဲ့မှန်း ဘေဘီ သိလိုက်တယ်။
ပြီးတော့ ဒီနေ့က Leo ရဲ့ 18 နှစ်ပြည့် မွေးနေ့မဟုတ်လား ။
လှုပ်ရှားနေတဲ့ စိတ်ကို ဘေဘီ ငြိမ်အောင် ထိန်းပြီးမှ စကားပြောရသည်။
" ကိုယ် ကိုယ်နဲ့ စေ့စပ်ထားတဲ့ သူလေ Leo ။ ဦးရှေးအာဏာစက်တဲ့ Summer Construction နဲ့ Summer Travelling Company ရဲ့ Chairman "
" အဲ့ဒါတွေ ကျုပ်မသိချင်ဘူး ဘုန်းဘေဘီ !!!!ခင်ဗျား ဘာစောက်ချိုး ချိုးတာလဲ "
" ကုဋေ ဘယ်လိုတွေ ဖြစ်နေတာလဲ အားနာစရာကြီး ဖြစ်နေပြီ "
နန်းမဟာဖွေး မှာ ကုဋေဒေါသထွက်တာကို မမြင်ဖူး၍ ကြောက်ကြောက်နှင့်ပင်ဝင်ထိန်းနေရတယ်။
" ဘာကို အားနာရမှာလဲ နန်းမဟာဖွေး လွှတ်စမ်းပါ ။ ဘုန်းဘေဘီ !!!! ကျုပ်မေးနေတယ်လေ ခင်ဗျား အ နေတာလား "
" ဟေ့ !!! ဒါက ကိုယ်နဲ့ ငယ်ရဲ့ ကိစ္စ ပါ မင်းနဲ့ မဆိုင်ဘူး ထင်တယ် ကောင်လေး ။ ငယ် ကိုယ်တို့ အိမ်ထဲ ဝင်ကြမလား "
" ဦးစက် အရင်ဝင်သွားလိုက်ပါ ကျွန်တော် သူနဲ့ စကားပြောစရာ ရှိလို့ ပြီးရင် လိုက်လာခဲ့မယ် နော် "
" ဟုတ်ပြီ ငယ် ကိုယ်ဝင်နှင့်မယ် မြန်မြန် လိုက်လာခဲ့ "
ခေါင်းကို ပုတ်ကာထွက်သွားသူကြောင့် Leo ပိုပြီး ဒေါသတွေက အစိုးမရဖြစ်လာသည်။
" မနန်းမဟာဖွေး ဝင်သွားနှင့်လိုက် ကျွန်တော်လည်း ဘုန်းဘေဘီနဲ့ စကားပြောစရာရှိလို့ "
" ကုဋေ "
" လူလို နားလည်ရင် ဝင်သွားလိုက် နန်းမဟာဖွေး ကျွန်တော် စကားအများကြီး မပြောချင်ဘူး "
အနားကနေ ဆောင့်ဆောင့်အောင့်အောင့်လုပ်ကာ ထွက်သွားမှ Leo ဘုန်းဘေဘီ လက်ကို ဆွဲကာ ဆိုင်ကယ်ပေါ်တင်ပြီး ခပ်ဝေးဝေးကို မောင်းထွက်လာလိုက်တယ် ။
