Unicode
ဘုန်းဘေဘီ မျက်နှာအပ်ထားတဲ့ ကျောပြင်က ပူခြစ်တောက်လာတာမို့ ကြီးမြတ်ကုဋေချီ စပြီး ဖျားနေလေပြီ။
" ဆိုင်ကယ် ခဏရပ်လိုက် Leo အနွေးထည် ဝတ်ပေးမယ် မင်း ဖျားနေပြီ "
ဂရုမစိုက် တာပဲလား မကြားတာပဲလား မသိ Leo က ဆိုင်ကယ်ကို ရပ်ပေးဖို့ပုံမပေါ်။
" Leo ဆိုင်ကယ်ရပ်ပေးဦး ကိုယ်ပြောတာ ကြားရဲ့လား "
သူ့ကို စိတ်ဆိုးနေတယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ် တော့ ဂရုစိုက်ရမှာပေါ့ ။
ကိုယ် မင်းကို တစ်ကယ် စိတ်ပူနေတာ Leo ရယ် ။
" ကိုယ် ဆိုင်ကယ်ပေါ်က ခုန်ဆင်းလိုက်ရမလား ကြီးမြတ်ကုဋေချီ "
" နေဦး လူရှင်းတဲ့နားကြရင်ရပ်ပေးမယ်"
ခြိမ်းခြောက်လိုက်တော့မှ ပြန်ပြောလာသည့် လူဆိုးလေး ။
" အင်း မင်းအတွက် ကိုယ်အဖျားကျဆေးထည့်လာတယ်အများကြီးတော့ မဟုတ်ဘူး တစ်လုံးပဲ "
" ရပြီ ဆင်းတော့ "
ကြီးမြတ်ကုဋေချီ ဆိုင်ကယ်ရပ်တော့မှ ဘုန်းဘေဘီ အောက်ဆင်းကာ ပါလာတဲ့ အနွေးထည် ကို ယူပြီး သေချာ ဝတ်ခိုင်းလိုက်တယ်။
" ခဏ မင်း ခေါင်းငုံ့ပေးပါဦး ကိုယ်မမှီဘူး အဖျားစမ်းကြည့်ရအောင် "
နဖူးကို စမ်းကြည့်တော့ ထင်သည့်အတိုင်း အပူငွေ့တွေတရိပ်တရိပ်တက်လာသည်ကိုခံစားလို့ပင်ရသည်။
" မြန်မြန်လုပ် ဘုန်းဘေဘီ ကျုပ် အနားယူချင်ပြီ "
" အင်းအင်း Leo ရပြီ ရေဗူးပါတယ်မလား ရော့ ဆေး သောက်လိုက်တော့ "
သူ့လက်ထဲက ဆေးကိုယူကာ Leo ရေနဲ့မျှောချလိုက်တော့မှ စိတ်ပူနေတာ နည်းနည်း လျော့သွားရသည်။
" တက် ကျုပ် ကို ခပ်တင်းတင်းလေး ဖက်ထားပေး ဘုန်းဘေဘီ ကျုပ် ချမ်းတယ် "
" ဟုတ်ပြီ ကိုယ် ဖက်ထားပေးမယ် နော် "
Leo စကားအတိုင်း ဘုန်းဘေဘီ နောက်ကနေတင်းနေအောင်ဖက်ထားပေးလိုက်တော့ သူပါနွေးသွားသည်။
