Unicode
ဝတ်ထားတဲ့ အင်္ကျီ အဖြူရောင် Shirt လက်ရှည်မှာ သွေးများက မြင်မကောင်းစွာ ပေကျံနေကာ ကော်ဖီရောင် ဆံပင်အရှည်တွေကလည်းရှုပ်ပွနေသည့်လူငယ်တစ်ဦး။
မျက်လုံးတွေက နီရဲနေသည့်အပြင် လက်သီးကိုတင်းတင်း ဆုပ်ထား၍ လည်း လက်နှစ်ဖက်လုံးရဲ့ အကြောစိမ်းကြီးတွေကထင်းနေပြန်သေးသည်။
နံရံကို ခပ်ရွဲရွဲ မှီကာ နက်ရှိုင်းလှသော မျက်ဝန်းတွေဖြင့် Operating Room ကိုသာ ကြည့်နေလေတယ် ။ တစ်ယောက်ယောက်များ မြင်လျှင် သူ့ကို ရူးနေတယ်များထင်ကြမှာပင်။
ထိုသူကား ကြီးမြတ်ကုဋေချီပင်ဖြစ်သည်။
ဘုန်းဘေဘီ Operating room ထဲ ဝင်သွားတာ ဒါနဲ့ဆို အချိန်တော်တော်ကြာနေပြီ ။
တောင် !
စဥ်းစားနေရင်း အချက်ပြမီးစိမ်းလေး လင်းလာတာကို တွေ့လိုက်ရတာမို့ လီယို Operating room ထဲကနေ ထွက်လာတဲ့ ဆရာဝန်တွေအနားခပ်မြန်မြန် လျှောက်သွားလိုက်သည် ။
" ကျုပ် ယောကျာ်း အခြေအနေ ပြောပြပါ ဒေါက်တာ "
သူ့အပြောကို ဆရာဝန်ကြီးက ခေါင်းငြိမ့်ပြလာတယ် ။
" အတတ်နိုင်ဆုံး ကြိုးစားပြီး ကို ကယ်ထားရတာမို့အသက်အန္တရာယ်မရှိတော့ဘူးဆိုပေမယ့် လူနာကစိတ်ချရတဲ့အခြေနေတော့မဖြစ်သေးဘူး ။ ICU ခန်းထဲ 24 Hours ထားပြီး စောင့်ကြည့်ရဦးမယ် ။ ပြီးတော့ လူနာက အရင်ကလည်း ဝမ်းဗိုက်ကို ထိခိုက်ထားသေးပုံပဲ "
တော်ပါသေးတယ် ကိုကိုဆိုးဆိုးဝါးဝါးမဖြစ်သွားလို့ပေါ့ ။
" ထိခိုက်ထားသေးတယ် ဟုတ်လား ဒေါက်တာ "
ဘယ်တုန်းက ဒဏ်ရာရသွားတာလဲ သူငယ်ငယ်တုန်းကလား ဒါမှမဟုတ် သူမရှိတဲ့အချိန်တွေမှာလား ။ ငယ်ငယ်တုန်းကဆိုရင်လည်း ဘာလို့မမှတ်မိရတာလဲ ။
လီယို Memory Recall ပြန်ခေါ်ကြည့်တော့ သူတို့မိသားစုကို ဒုက္ခအပေးဆုံးက ဖွားဖွားကြီး ။
ဖွားဖွားကြီး များလား ကိုကို့ကို ဒုက္ခ ပေးတာ ။
" ဟုတ်ပါတယ် ထိခိုက်ထားသေးတယ် ဦးလေးပြောသလိုပဲ လူနာက safe မဖြစ်သေးတာမို့ ICU ထဲ ထားပြီး သေချာစောင့်ကြည့်ရမှာပါ ။ ဝင်တွေ့ချင်ရင်တော့ ခဏနေ သူတို့ လူနာကို ICU ထဲ ပြောင်းပေးလိမ့်မယ် ။ သန့်သန့်ရှင်းရှင်းဖြစ်အောင် အရင်လုပ်ပြီးမှ လူနာကို ဝင်တွေ့ဖို့တော့ ဦးလေးတောင်းဆိုပါတယ် ။ တစ်နာရီ ခြား တစ်ခါ လူနာကို ဦးလေးလာကြည့်ပေးမှာမို့ ခွင့်ပြုပါဦး "
YOU ARE READING
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.