Unicode
" ဒကာလေးတို့ နှစ်ယောက် သက်ဆုံးတိုင် အောင် ရိုးမြေကျသည်အထိ ပေါင်းဖက်နိုင်ပါစေ "
ဘုန်းဘုန်း ၏ ဆုပေးသံအဆုံး မျက်ရည်တစ်စက်က ဘုန်းဘေဘီ မျက်ဝန်းထဲမှ လွင့်စင်ကာ ကျသွားတယ် ။
" ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုန်းဘုန်းဘုရား "
နှစ်ယောက်လုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး အပြန်အလှန် ပြုံးပြမိကြသည် ။
" ကဲ ဒကာလေးတို့ ဂေဟာထဲ လျှောက်ပြီ ပတ်
ကြည့်ကြဦး ။ သစ်ပင်ဝါးပင်တွေပေါတော့ အရိပ်ရပြီး အတော်လေးကိုနေလို့ကောင်းတယ်ကွဲ့ "" တင်ပါ့ ဘုရား ။ ဒါဆို တပည့်တော်တို့ ကို ခွင့်ပြုပါဦး ဘုရား "
" ကောင်းပါပြီ ကောင်းပါပြီ ။ ဒါနဲ့ ဒကာလေးတို့နှစ်ယောက်ထဲမှာ ဘယ်သူကအသက်ပိုကြီးလဲ ကွဲ့ "
အသက်အရွယ်ကို မေးလာတော့လည်း ဘုန်းဘေဘီ လက်အုပ်ချီကာ ဘုန်းဘုန်းအား တရိုတသေလျှောက်လိုက်သည်။
" တပည့်တော်ပါ ဘုရား ။ 17 နှစ်တောင် တပည့်တော်က ကြီးပါတယ် ။ တပည့်တော်ခင်ပွန်းက တပည့်တော်ထက် အများကြီး ငယ်ပါတယ် ။ အများကြီး လည်း ထူးချွန်ထက်မြတ်ပြီး အားကိုးရတဲ့ ကောင်လေးပါ "
" ဪ ဘုန်းဘုန်းက ဆံပင်အရှည်နဲ့ ဒကာလေးကိုပိုပြီးအသက်ကြီးတယ်ထင်နေတာ ။ ဒီလိုဆိုတော့ ဆံပင်အရှည်နဲ့ဒကာလေးက အခုမှ 18 နှစ်ပဲ ရှိသေးတာပေါ့ ။ ဘယ်လိုများ တွေ့ဆုံကြတာလဲ ပြောလို့ရရင် ပြောသွားပါဦး "
ဘုန်းဘုန်းက သာမန်ပဲ မေးလိုက်သော်လည်း ဘုန်းဘေဘီ က တော့ မျက်နှာတွေပူတက်လာတယ်။ဘယ်လိုများပြောရမှာလဲ ဒီကလေးကသူငယ်ငယ်ကထိန်းခဲ့တဲ့ကလေးလို့လေ ။
" ကျွန်တော် နဲ့ ကိုကိုက ငယ်ချစ်တွေပါ ဘုန်းဘုန်း ။ ကျွန်တော် သုံးနှစ်သား တုန်းက ကိုကိုထိန်းပေးခဲ့တာ ပါ ။ ပြီးတော့ အကြောင်း အမျိုးမျိုး ကြောင့် ကျွန်တော် တို့ မိသားစု Loss Angles ကို ပြောင်းသွားပါတယ်။ ပြောင်းသွားတဲ့ အချိန်ကစပြီး ကိုကို့ကို တစ်ရက်တောင် မမေ့ခဲ့ပါဘူး ။ ဒါပေမဲ့ Daddy က ပြောတယ် ကျွန်တော်က အရမ်းငယ်သေးတယ် ကိုကို့ကို ပိုင်ဆိုင်ချင်ရင် အရည်အချင်း ရှိအောင် အရင်လုပ်တဲ့ပြီးရင်အင်အားကြီးအောင်လုပ်ရမယ်တဲ့ ။ အဲ့ဒါကြောင့် ကျွန်တော် စီးပွားရေး လုပ်တယ် သူများတွေ လိုက်မမှီနိုင်အောင် ကို ဥာဏ်ကောင်းတဲ့အထဲပါတော့ မကြာဘူး ကျွန်တော် ဘာလုပ်ရင် ဘာဖြစ်လဲ သိလာတယ် ။ LA မှာပဲ ကျောင်းတက်ရင်း စီးပွားရေး ကို တိုးချဲ့ပြီး ပိုက်ဆံ ရှာခဲ့တယ် ကျွန်တော် လုပ်နေတာတွေအားလုံးက Daddy နဲ့ ပါပါး ပြီးရင် ကိုကို့ အတွက်ပဲ ။ 18 နှစ်ပြည့်ခါနီး ပါပါးက Blind Date လုပ်ဖို့ မြန်မာပြည် ကို လွှတ်လိုက်တာ ။ ဖြစ်ချင်တော့ ကိုကို့ ရဲ့ မိထွေးကပါတဲ့သမီးက ကျွန်တော် နဲ့တွေ့ရမဲ့သူဖြစ်နေတယ် ။ ကျွန်တော် က ငယ်ငယ်ထဲက ကိုကို့ကို ပဲ ချစ်တာဆိုတော့ အဲ့မိန်းကလေးကို ငြင်းလိုက်ပြီး ကိုကို့ကို ပဲ လက်ထက်ဖို့ ဆုံးဖြတ်ခဲ့တာ ။ ကျွန်တော် အခု အသက် 18 နှစ်ပြည့်ပြီမို့ ကိုကို့ကို ပြန်ထိန်းတော့မှာပါ ဘုန်းဘုန်း "
