Episode-10

96.5K 8.8K 1K
                                    

Unicode

" ဘုန်းဘေဘီ !!! "

နားရွက်နုနုကို လိမ်ဆွဲလာတာမို့ ဘေဘီ မျက်ရည်တွေပါဝဲလာသည်။

နဂိုထဲက အသားအရေက အထိအခိုက်မခံနိုင်အောင် Sensitive ဖြစ်လွန်းတာမို့ ပါးပြင်ကလက်ဝါးရာရော နားရွက်က အရာတွေရောက နီရဲပြီးယောင်တော့မည့်ပုံစံဖြစ်နေလေတယ် ။

" နာတယ် မေမေလေး ဘေဘီ မလိမ်ဘူး တစ်ကယ် ပြောတာ မအိ ကျွန်တော် မအိယောကျ်ားကို တွေ့ဖို့ မခေါ်ခဲ့ပါဘူး ။ နားရွက်ကို လိမ်မဆွဲပါနဲ့နော် နာလို့ပါ"

" ဒါဆို ငယ်လေး ဟိုကောင့် Jacket ကို နမ်းနေတာရော ဘယ်လိုဖြေရှင်းမလဲ ပြောပါဦး "

ကုဋေ့ အကြောင်းပါလာ၍ နန်းမဟာဖွေး ဘုန်းဘေဘီကို ဆွဲဆတ်ပြီးသာ ကုတ်ပစ်လိုက်ချင်တယ်။

သူ ဒီလောက် အတန်တန် မှာထားရဲ့သားနဲ့ ကုဋေက သူမအပိုင်ပဲဖြစ်ရမှာ။

" ရွံစရာ ကောင်းလိုက်တာ  ဘုန်းဘေဘီ   "

မဟုတ်ဘူး ဘာလို့ သူက ဖွေးပြောသလို  ရွံစရာ ကောင်းရမှာလဲ ။ဘေဘီ လက်ကလေး နှစ်ဖက်ကိုသာ အချင်းချင်း ပွတ်နေမိတယ်။

" ကြီးမြတ်ကုဋေချီက ကျွန်တော့်နဲ့ငယ်ငယ်ထဲကသိခဲ့တာ မေမေလေး "

" ပေါက်ကရတွေ လျှောက်မပြောနဲ့ ဘုန်းဘေဘီ ကုဋေက LA မှာနေလာတာ ကြာပြီ ။ သူစိမ်းယောကျ်ားလေး တစ်ယောက် ကို ငယ်ငယ်ထဲကထိန်းလာတဲ့ကလေးဆိုပြီးဘယ်လိုတောင်မျက်နှာပြောင်တိုက်ပြီးပြောရဲရတာလဲ"

" ကျွန်တော် အမှန်ပြောနေတာ ဖွေး Jacket ကို ခိုးနမ်းနေတာ ဆိုပေမယ့်  သူ့ရဲ့ကလေးဘဝလေးကိုလွမ်းလို့ သူ့အငွေ့အသက်ကလေးရှိတဲ့ Jacket ကို   နမ်းမိတာပါ ။  ကျွန်တော် ထိန်းလာခဲ့တဲ့ကလေးမို့  ကျွန်တော်က ဒီလောက်တော့ လုပ်ခွင့်ရှိပါတယ် "

" ကုဋေပြန်လာရင် ဖွေး မေးကြည့်မယ် အဲ့အချိန်ကျ ကုဋေကမဟုတ်ဘူးလို့ပြောရင် ဘုန်းဘေဘီ အိမ်ကထွက်သွားပေးပါ "

ရန်မဖြစ်တတ်တာ မဟုတ်ပေမယ့် ဒီလို အော်ကြီးဟစ်ကျယ်ပြန်ပြောရတာမျိုးကို ဘုန်းဘေဘီ သဘောမကျ ။

Baby of the billionaireWhere stories live. Discover now