Episode-26

110K 7.9K 2K
                                    

Unicode

" ကိုကို   !!! "

လီယို ရင်ခွင်ထဲက ခန္ဓာကိုယ် သေးသေးလေးကို ဆွဲထုတ်ကာကြည့်ဖို့ပြင်လိုက်သော်လည်း ကိုကိုကသူ့ခါးကိုအလွတ်မပေးဘဲဖက်ထားဆဲ ။

" ကိုယ်ကြောက်နေခဲ့တာ မောင် ။ မောင် ပြန်လာတဲ့အချိန်အထိ ကိုယ်တောင့်ခံမထားနိုင်တော့မှာကို "

မောင် တဲ့ အဟက် ။ သူ့ကို မောင် တဲ့ ဘုန်းဘေဘီ က သူ့ကို မောင် လို့ ခေါ်တယ် ။

ပြုံးချင်နေသော စိတ်ကိုအသာထိန်းကာ ကိုကို့ကို တင်းတင်းလေးပြန်ဖက်ထားပေးလိုက်သည်။

" မောင် ဘာလို့ ကြာနေတာလဲ ဟင်  "

သူစိတ်ဆိုးမှာလည်း ကြောက်တာမို့ နောက်ဆုံးက ဟင်ဆိုပြီးထည့်ပြောတာလေးကိုလည်း လီယိုအသည်းယားလွန်းသည်။

"  တောင်းပန်ပါတယ် ကိုကို  ။ တစ်ကယ်ဆို မနန်းမဟာဖွေးကို လိုက်မပို့ဘဲနေလိုက်ရမှာ  "

" မဟုတ်တာ ကိုယ်နားလည်ပါတယ် ။ ကိုယ်လည်း တော်တော် လန့်သွားလို့ပါ ။ ပြီးတော့ ကိုယ် ဘာမှမဖြစ်ဘူး နော် ခြေထောက်ကနည်းနည်းဒဏ်ရာရသွားရုံပဲ  "

လက်လေးကိုရှေ့က တကာကာ ဖြင့် ပြောနေပြန်သည့် ဘုန်းဘေဘီ က ဒီလို အမူအယာမျိုးကိုသူလုပ်ရင် လီယိုစိတ်တွေပိုဆိုးပြီး ကြမ်းပြစ်လာချင်သည်ကိုသိပုံမပေါ်။

" ဘယ်လိုခေါ်လိုက်တာလဲ "

" အမ် "

နားမလည်သလို ပြန်ကြည့်လာသည့် ကိုကို့
ကြောင့် လီယို  မရတော့ ဆွဲပွေ့ကာ သူတို့အခန်းထဲ ချီလာလိုက်သည်။

" ကိုကို "

မျက်လုံးကြီး အတင်းမှိတ်ထားကာ တုန်ရီနေ
သည့် ကိုကို့ ကြောင့် လီယို မွေ့ယာပေါ်မချပေးသေးဘဲ ရင်ခွင်ထဲမှာ ပဲ ခေတ္တ ပွေ့ထားလိုက်တယ်။

" ကိုကို မျက်လုံး ဖွင့်ပါ ။ ဘာလို့ အတင်းကြီး မှိတ်ထားတာလဲ "

" စိတ်မဆိုးပါနဲ့နော် ကိုယ် မင်းမကြိုက်ရင် မခေါ်ပါဘူး ။ ကိုယ် သိပါတယ် ကိုယ့်အသက်အရွယ်နဲ့ မင်းကို ဒီလိုမခေါ်သင့်မှန်း "

Baby of the billionaireWhere stories live. Discover now