Unicode
အခုထိ ဆိုင်ကယ်ပေါ်မှာ ထိုင်နေပြီးဆင်းမလာသေးတဲ့ မျက်ပေတုံးကို Leo ကြည့်မရတော့။
" ဘုန်းဘေဘီ ဆင်းလာလေ ဘာလုပ်နေတာလဲ "
" မင်း ကိုယ့်ကို ဘယ်ခေါ်လာတာလဲ Leo "
Condominiums တွေ ရှိတဲ့နေရာကို Leo ခေါ်လာတာမို့ ဘေဘီ အဆောက်အဦးတွေကိုလှည့်ပတ်ကြည့်မိတယ်။
တိုက်ကြီးတွေက အမြင့်ကြီးတွေချည်းပဲ ဒီမှာနေပြီး ဒီနေရာမှာ ဒါတွေရှိတယ်ဆိုတာ သူတောင် မသိဘူး ။
" ကျစ် !!! ခင်ဗျားလို လူအိုကြီးကို ကျုပ်ကဘာလုပ်ရမှာလဲ ဆင်းလာခဲ့ "
" မင်းပြောသလောက် ကိုယ်မအိုသေးပါဘူး ကြီးမြတ်ကုဋေချီ ရယ် "
သူ့အသက်အရွယ်ကို ထိခိုက်လို့လားမသိ ချက်ချင်း ပင်ပြန်ခံပက်လာသည်။
" ကျုပ်ကို ပြန်ခံမပြောနဲ့ ဘုန်းဘေဘီ "
" အင်းပါ မင်းမကြိုက်ရင် ကိုယ် မပြောတော့ပါဘူး "
17 နှစ်တောင် ကွာတာမို့ Leo နဲ့ဆို သူက တော်တော်လေးကို အသက်ကြီးနေမှာပေါ့။
ဒီကလေးက သူ့ကို နည်းနည်းတောင် မမှတ်မိဘူး ပဲ ။
ငယ်ငယ်တုန်းကဆို လုံးဘေယီက ပါးစပ်ကမချဘဲနဲ့။
" မျက်နှာက ဘာဖြစ်သွားပြန်တာလဲ ဘုန်းဘေဘီ အထဲဝင်မယ် လာခဲ့ "
" အာ့ !! "
လာခဲ့ ဆိုပြီး လက်ကောက်ဝတ်က အတင်းဆွဲသွားတာမို့ ဘုန်းဘေဘီ တရွတ်တိုက်သာအနောက်ကနေပါသွားရတယ်။
" ဖြည်းဖြည်းဆွဲပါ မင်းက အရမ်းကြမ်းတာပဲ ကိုယ်လက်နာတယ် Leo "
Leo ကိုင်ထားတဲ့လက်ကောက်ဝတ်နေရာကို လွှတ်ပေးကြည့်လိုက်တော့ လက်ဖဝါးရာကြီးကရဲပြီးထင်းထင်းကြီးဖြစ်နေလေသည်။
" ခင်ဗျား အသားအရေကဘာလို့ နုဖတ်နေရတာလဲ မကိုင်ရဲသလောက်ပဲ ကိုင်လိုက်တာနဲ့ နီရဲတက်လာတာ "
" ကိုယ်မသိဘူး Leo "
" ခင်ဗျား သိတာ ဘာရှိလဲ ဘုန်းဘေဘီ "
" ကိုယ် လား နည်းနည်းတော့ သိပါတယ် "
ရွဲ့ပြောလို့ ပြောမှန်းလည်း မသိတဲ့ ဘုန်းဘေဘီကြောင့် Leo ဘာမှကိုမပြောချင်တော့ဘူး။
