Unicode
ကြီးမြတ်ကုဋေချီ အိမ်ရှေ့ကားရပ်လိုက်တာနဲ့ ခြံပြင်မှာထွက်ပြီးရပ်စောင့်နေသော မနန်းမဟာဖွေး ကိုအရင်တွေ့လိုက်ရသည်။
" အာ ရောက်တောင် ရောက်ပြီ ကိုယ်တော်တော်အိပ်လိုက်တာပဲ မင်းကကိုယ့်ကို နှိုးတောင်မနှိုးဘူး "
ဘုန်းဘေဘီ လည်း အင်းအဲနဲ့ အပျင်းဆန့်ကာအိပ်ရာကနိုးလာတာမို့ ရှုပ်ပွနေတဲ့ခေါင်းကိုလက်နဲ့အသာပြန်ပြင်လိုက်တယ်။
" ခင်ဗျား အိမ်ရောက်တဲ့အထိမနိုးသေးရင် ကျုပ်ပွေ့ချီသွားဖို့အထိတွေးထားပြီးသား ဘုန်းဘေဘီ ။ အဲ့တော့ စကားကို အပိုတွေ လာမပြောနဲ့ အိပ်ရေးဝလား အခု "
" ဝတယ် ကိုယ်က တစ်လမ်းလုံး အိပ်လာတာ မင်းသာ အနားယူရမှာ Leo "
Leo အနားယူနေတုန်း သူမေမေလေးနဲ့စကားပြောရမယ်။ပြီးတော့ဖွေးနဲ့ရော အခုလိုဖြစ်သွားရတာ ကြီးမြတ်ကုဋေချီ ကြောင့် မဟုတ်ဘဲ သူ့ကြောင့်ဆိုတာ ။
" ဝရင် အိမ်ထဲ ဝင်နှင့် ကျုပ် ကားကို လွတ်တဲ့နေရာ ထိုးပြီး လိုက်လာခဲ့မယ် Luggage လည်း ကျုပ်ပဲ သယ်လာခဲ့မယ် ။ အေးတယ် အထဲမြန်မြန်ဝင် "
" ဟုတ် "
ပြောတဲ့အတိုင်း ဘုန်းဘေဘီ ကားပေါ်က ဆင်းကာ နန်းမဟာဖွေး အနားကို လျှောက်သွားလိုက်သည်။
ရာသီဥတုက အေးသော်လည်းကုဋေပြန်လာမည်ဆိုသောသတင်းကြောင့် နန်းမဟာဖွေး အနွေးထည် ထူထူဝတ်ကာခြံရှေ့မှာထွက်ရပ်နေမိတယ်။
ကားပေါ်က ဆင်းလာတာ ကုဋေ မဟုတ်ဘဲ ဘုန်းဘေဘီ ဖြစ်နေ၍ ဖွေး မျက်နှာက အနည်းငယ် ပျက်သွားရသည်။
ကြည့်လိုက်တာနဲ့ ဘုန်းဘေဘီ ဝတ်ထားတဲ့ဟာတွေက တန်ဖိုးကြီးတဲ့ Brand တွေထဲက ဖြစ်လောက်ပြီး စျေးကလည်း နည်းမည်မဟုတ်ပေ ။
ဒါတွေကို သူ့ကို ဘယ်သူဝယ်ပေးတာလဲ ကုဋေလား အို မဖြစ်နိုင်ပါဘူး ။ ကုဋေက ဝယ်ပေးလောက်မှာ မဟုတ်ပါဘူး ။
" ဖွေး မအေးဘူးလား Leo ကားရပ်ပြီးလိုက်လာလိမ့်မယ်အထဲဝင်ကြရအောင်နော် "
" ကုဋေရော ဘယ်မှာလဲ ဘုန်းဘေဘီ ဒီအဝတ်အစားတွေက ဘယ်သူ့ဟာတွေ ဝတ်လာတာလဲ ငှားလာတာလား ။ Brand ကရော ဘယ်ဟာလဲ ပြောပြဦး ဖွေးကို "

YOU ARE READING
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.