Unicode
" Fuck !!! ငါလိုးမသား "
ခွပ် !!! ခွပ် !!! ခွပ် !!!
ဘုန်းဘေဘီ ရဲ့ တင်ပါးကို နောက်ကနေ ကိုင်ဖို့ လုပ်နေတဲ့ မအေလိုးတစ်ကောင်ကြောင့် Leo ဒေါသတွေထွက်ကာ သုံးလေးချက်လောက်ဆင့်ထိုးမိတော့သည်။
" မင်း ဘယ်သူလဲ လွှတ်ပေး ငါ့ကို "
" တော်ပြီ Leo လွှတ်လိုက် တော်ပြီ လို့ "
" ဖယ်စမ်း ဘုန်းဘေဘီ "
လက်ကိုလာဆွဲကာ တားနေတာကြောင့် ဒေါသကပိုပြီးထွက်လာတယ်။
ကိုယ့်တင်ပါး အကိုင်ခံရတော့မယ်ဆိုတာတောင်မသိဘူးလား ဒီငတုံးကတော့။
" လွှတ်လိုက် Leo ကိုယ်ဘာမှ မဖြစ်ဘူး နော် လိမ္မာပါတယ် "
" ခင်ဗျား ပါ သေချင်နေပြီလား ဘုန်းဘေဘီ !!! "
ပိတ်အော်ပြစ်လိုက်တာမို့ Leo အနားကနေ နည်းနည်းတော့ ဖယ်ကာဘေးကပ်သွားလေသည်။
" မင်း ဘာလုပ်ဖို့ ကြိုးစားနေတယ် ဆိုတာ ငါမြင်တယ် နော် ငါလိုးမသား တောက်စ် "
Leo လွှတ်မပေးသေးဘဲ အင်္ကျီ ကော်လံစကနေ
ဆောင့်ဆွဲထားတာမို့ မိုက်ကြည့်ပြန်ကြည့်လာလေသည်။" ငယ်လေး သူက ဘယ်သူလဲ ကိုကြီးကို ထိုးရအောင် ဒီကောင်ဘယ်ကလဲ အဟွတ် အဟွတ် "
" သူက ဘယ်သူလဲ ဘုန်းဘေဘီ "
" လွှတ်လိုက်နော် Leo သူက မအိ ယောကျ်ားပါ ဖွေး အမယောကျ်ား ။ ကိုမင်း သူက ဖွေးရဲ့အထူးဧည့်သည်ပါ အပြုအမူလေးတွေဆင်ခြင်ပေးစေချင်ပါတယ် "
မအိယောကျ်ားက မူးနေမှန်း သိတာမို့ Leo ကို ဒီနေရာကနေသာအမြန်ထွက်သွားစေချင်မိသည်။
ဒီလူ မူးရင် အကုန်လုံးကို လှည့်ပတ်ရမ်းပြီး လူကို မထိတထိလာလာစတာမို့ မအိမြင်ရင် သူ့
ယောကျ်ားကို အထာလာပေးတယ်ဆိုပြီး အပြောခံရမှာ ။ Leo ရှေ့မှာ သူဒီလိုကြီးအရှက်မကွဲချင်ပါ။" ငယ်လေးက သူ့ဘက်ပါနေတာလား "
" ကိုမင်း မူးနေရင် အေးဆေးနေပါ ။ Leo သွားတော့နော် ကိုယ် ဘာမှမဖြစ်ဘူး "
