Unicodeပြင်သစ်က အဝယ်တော် တစ်ယောက် အရေးတကြီး ဆက်သွယ်လာ၍ Leo အခန်းတံခါးကို ဂျက်ချလိုက်ပြီး ပတ်ပတ်လည်က ပြတင်းပေါက်များအားအကုန်လိုက်ပိတ်လိုက်သည်။
" Bonjour, ravi de vous rencontrer, Hads "
( မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် Hades )
ပြင်သစ်လို အများကြီး မပြောတတ်ပေမယ့်လည်း ထမင်းစားရေသောက် မိတ်ဆက်တာလောက်ကတော့ Leo ရသည်။
အဓိကအားဖြင့် Leo ကျွမ်းကျွမ်းကျင်ကျင် ရေရေလည်လည်ပြောတတ်သည့် ဘာသာစကားက ငါးမျိုးသာရှိသည်။
English / Chinese / Japanese / German နဲ့ Italian တို့ပင် ။
English က International Lunguage မို့ အဝယ်တော်တွေနဲ့ ဆက်သွယ်ဖြစ်တိုင်း English လိုသာပြောဖြစ်ကြတယ်။
" Bonjour "
( မင်္ဂလာပါ )
Screen တစ်ဖက်ခြမ်းက အမျိုးသားတစ်ဦးက သူ့ကို ပြုံးပြုံးရွှင်ရွှင်နှူတ်ဆက်လာတယ်။
" Parlez-vous birman ? "
" ဗမာစကား ပြောတတ်လား "
ဗမာ စကားပြောတတ်လားလို့ Leo မေးလိုက်တော့ ခေါင်းငြိမ့်ပြလာသည်။
" je sais parler"
( ပြောတတ်ပါတယ် )
" Gun or heroin "
" သေနတ်တွေ လိုချင်တာ Hades ကိုယ့်နာမည် Lucas ပါ "
သေနတ်လား ဘိန်းဖြူလား မေးလိုက်တော့ ဗမာလို ပီပီသသပြန်ဖြေလာ ၍ Leo ဒီလူ့ကို နည်းနည်းတော့ အထင်ကြီးသွားရသည်။
" ပြောပါဦး ဘာအမျိုးစားလိုချင်တာလဲ Lucas က "
" မင်းရှင်းပြပါဦး Hades ။ ကိုယ်က ဒီလောကထဲကို ဝင်တာ မကြာသေးဘူး ကိုယ့် သူငယ်ချင်း တွေက မင်းကိုဆက်သွယ်ဖို့ပြောလိုက်လို့ "
" ကောင်းပြီလေ Firearms types 24 မျိုး ရှိတယ်
ခင်ဗျား ကို အခုပို့ပေးထားတယ် ကြည့်ကြည့်လိုက် ဘယ်အမျိုးအစားကို လိုချင်တာလဲ ဆိုတာ "Lucas က ပုံလေးပုံပြန်ပို့လာတာမို့ Leo ကြည့်လိုက်တော့ သူ့ဆီမှာ ရှိနေသေးတဲ့ ပစ္စည်းတွေ ဖြစ်သည်။
" Pistol နဲ့ Handgun ပြီးတော့ Sniper Rifle AK-47 တွေ ကိုယ်လိုချင်တယ် Hades "
" ဘယ်လောက် လိုချင်တာလဲ Lucas "
