Unicode
" ဘုန်းဘေဘီ !!! "
" မောင်ကလည်း ဘာဖြစ်လို့ အော်နေတာလဲ "
နှစ်ယောက်လုံး ပူးကပ်ပြီးထိုင်နေတာကိုတောင်အသံမာမာနဲ့လာအော်တာမို့ ဘုန်းဘေဘီ ပြန်အော်ပေးလိုက်တယ် ။
" အဲ့ဒါ ဘယ်ကောင် ဆိုထားတာလဲလို့ ယောကျာ်း မေးနေတယ် လေ "
အပေါ်ပိုင်းက အင်္ကျီ ဗလာနဲ့မို့ ကြီးမြတ်ကုဋေချီရဲ့ ခန္ဓာကိုယ် က ကျစ်လစ်နေပြီး ကျန်းမာ သန်စွမ်းကြောင်းကိုပြသနေသည်။
" ဘယ်ကောင်ဆိုထားတာလဲ ဟုတ်လား မောင် "
အဲ့ဒါ မောင်ကိုယ်တိုင်လေလို့သာ ဘုန်းဘေဘီ ပြောလိုက်ချင်တယ် ။
" ဟုတ်တယ် Ringtone ပြောင်းလိုက် ။ ခင်ဗျား ဒီသီချင်း ကြိုက်ရင် ယောကျာ်း ဂစ်တာတီးပြီး ဆိုပြမယ် ဘုန်းဘေဘီ "
" ဟင့်အင်း ကိုယ်က သူဆိုထားတာပဲ ကြိုက်တယ် ။ အင်္ကျီ ဝတ်ဦး အအေးပတ်မယ် မောင် "
ဗီရိုထဲက Hoodie တစ်ထည်ကို ထုတ်ကာ ဘုန်းဘေဘီ မောင့်လက်ထဲ ထည့်ပေးလိုက်တော့ အသာတကြည်ပဲ ယူဝတ်လာသည် ။
" သူဆိုထားတာပဲ ကြိုက်တယ် ဟုတ်လား ဘုန်းဘေဘီ ။ ယောကျာ်း အသံက သူ့ထက်ကောင်းတယ် ခင်ဗျား နော် ခင်ဗျား "
လီယို အစပိုင်း လေသံမာမာနဲ့ အော်ပြီးမှ ကိုကိုပိုပြီး စိတ်ဆိုးသွားမှာ ကြောက်တာကြောင့် အသံကို တဖြည်းဖြည်း လျှော့လိုက်ရတယ်။
" ခေါင်းတွေရော စိုသွားသေးလား မောင် ။ တဘက်နဲ့ သုတ်ရအောင် "
" ကိုကို က ဗျာ "
ဘုန်းဘေဘီ မတ်တပ်ထရပ်ကာ စိုနေတဲ့ မောင့်ခေါင်းကို တဘက်နဲ့သုတ်ပေးဖို့ပြင်တုန်း ခါးကို မောင့် လက်ကြီးနှစ်ဖက်ကလာဖက်လေသည်။
" မဗျာနဲ့ မောင် ။ မောင့် ဆံပင်ရှည်တွေ ကိုယ်သိပ်သဘောကျတယ် စည်းထားရင် လူဆိုးလေးအတိုင်းပဲ ဂျစ်ကန်ကန် ကလည်းနိုင်သေးတယ် "
" ကျုပ် ဆိုပြမယ်လို့ နော် နော် နော်လို့ ဘုန်းဘေဘီကဗျာ "
" ဘုန်းဘေဘီက ဘာဖြစ်လည်း ပြော "
" ကိုကို မကောင်းဘူး ဗျာ ။ ယောကျာ်း လည်း အဲ့သီချင်း ဆိုတတ်ပါတယ်ဆို ခင်ဗျား က ကျစ် ! "
