Episode-15

98.7K 8.9K 1.8K
                                    

Unicode

ဘေးနားမှာ လာရပ်သူက ဦးစက်ဖြစ်နေ၍ အပြင်သွားဖို့ လာခေါ်တာဖြစ်မှန်း ဘေဘီ သဘောပေါက်လိုက်တယ်။

" သွားကြမယ် လေ ငယ် "

" ဟုတ်ကဲ့ ဦးစက် "

ဘုန်းဘေဘီ ထရပ်လိုက်တော့ ခါးက အင်္ကျီ အနားစလေးကို Leo ဆွဲလာသည် ။

" ခင်ဗျား ကျုပ် အနားကနေ ခြေတစ်လှမ်း ရွှေ့သွားတာနဲ့ ဒီနေ့က ကျုပ်ကို နောက်ဆုံး မြင်ရတဲ့နေ့လို့ပဲ သတ်မှတ်လိုက် ဘုန်းဘေဘီ "

" Leo "

" ကျုပ် အတည်ပြောနေတာ ဘုန်းဘေဘီ ကျုပ်မလုပ်ရဲတာ ဘာမှ မရှိဘူး နော် "

မျက်ခမ်းစပ်တွေက နီရဲကာ သူ့ကို အေးစက်စက် အကြည့်တွေနှင့် ကြည့်ကာပြောလာသည်။

မဲ့ပြုံးကလည်း ပြုံးထားပြန်တာမို့ ကြီးမြတ်ကုဋေချီမျက်နှာက ဘယ်သူ့မှ ဂရုမစိုက်ဟန်အပြည့်။

" မင်း ငယ့်ကို ခြိမ်းခြောက်နေတာလား "

ဦးစက် ဝင်ပြောပေမယ့်လည်း အဖြေပြန်မရလာသည့်အပြင် ဘုန်းဘေဘီကို ဆွဲထားတာ လည်း မလွှတ်ပေးသဖြင့် အခြေနေက ပိုပြင်းထန်လာသည်။

" ကိုယ်တို့  သွားမယ် ငယ် သူ့ကို ထားခဲ့လိုက် ကလေးသာသာ ကောင်လေးတစ်ယောက် ရဲ့ ပေါကြောင်ကြောင်စကားတွေကို ငယ်မယုံဖို့ကိုယ်သတိပေးချင်ပါတယ် "

ဆွဲထားတဲ့ လက်ကို အတင်းဖြုတ်ကာ ဦးစက်ကသူ့ကိုဆွဲခေါ်လာတယ်။

" အဟက်   !!! သွားလေ ဘုန်းဘေဘီ ခင်ဗျားဘေးက လူကြီးလူကောင်းရဲ့စကားကိုပဲယုံလိုက်ပေါ့ ကျုပ်လို မနေ့တစ်နေ့ကမှ 18 နှစ်ပြည့်ထားတဲ့ ကောင်ရဲ့ ပေါကြောင်ကြောင်စကားတွေကို နားထဲက ထုတ်ပြစ်လိုက် "

" မင်း လွန်မလာနဲ့ ငယ့်မျက်နှာရှိလို့သည်းခံနေတာ နော် "

" လွန်လာတော့ ဘာဖြစ်ချင်လဲ ဦးရှေးအာဏာစက် "

ထိုးတော့မည်ဟန်ပြင်နေသော Leo နဲ့ ဦးစက်ကြောင့် ဘုန်းဘေဘီ ကြားကနေအမြန်ဝင်ကာ တစ်ယောက် ကို ပထုတ်ဖို့ပြင်ရတယ်။

" တော်ပြီ ကြီးမြတ်ကုဋေချီ မင်းမရိုင်းနဲ့ ဦးစက် သွားမယ် "

Baby of the billionaireWhere stories live. Discover now