Episode-19

92.9K 8.4K 1.4K
                                    

Unicode

ဘုန်းဘေဘီကတော့ တစ်ကွင်းမကျန်  လက်စွပ်မှန်သမျှ ကို သဘောကျနေသည် ထင်ပါရဲ့  မျက်လုံးလေးတွေက တလက်လက်တောက်ပနေလေသည်။

" ကြည့်လေ ဘုန်းဘေဘီ သဘောကျတာ တွေ့ရင်   ပြော "

" ကိုယ် ပြောစရာရှိတယ် ကြီးမြတ်ကုဋေချီ "

သူ့ရင်ဘတ်ကအင်္ကျီစကို ဆွဲကာပြောလာသူကြောင့် Leo ခေါင်းငြိမ့်ပြကာ Owner အမကို ခဏရှောင်ခိုင်းလိုက်သည်။

Owner အမကလည်း အလိုက်တသိ ထွက်သွားပေးတာမို့ Leo ဘုန်းဘေဘီ ကို Sofa မှာ ခဏထိုင်ခိုင်းလိုက်သည်။

" ပြောလေ ဘာပြောချင်တာလဲ ဘုန်းဘေဘီ "

" ကိုယ့်ကို လက်ထပ်ဖို့ မင်း သေချာ ပြန်စဥ်းစားသင့်တယ် ကြီးမြတ်ကုဋေချီ "

သူမေးလိုက်တော့ ကြီးမြတ်ကုဋေချီ မျက်နှာက အစောကနဲ့မတူ တဖြည်းဖြည်း ခက်ထန်လာသည်။

" ကျုပ် သေချာ စဥ်းစားပြီးပြီ ခင်ဗျား ကို လက်ထပ်မှာ ဘုန်းဘေဘီ "

နားသယ်စပ်က ဆံပင်စလေးတွေကို Leo လက်နဲ့ အသာဖယ်ပေးလိုက်တော့ ဘုန်းဘေဘီရဲ့ မျက်နှာနုနုက နမ်းရှိုက်ချင်စရာ ။

" ကိုယ် ဘယ်လို ပြောရမလဲ မင်းရဲ့ အပြုအမူတွေကို ကိုယ်လုံးဝမကြိုက်ဘူး Leo ရေရှည်မှာ ကိုယ်တို့နှစ်ယောက် အဆင်ပြေမယ်လို့ မင်းထင်လား "

" ကျုပ် ဘက်က တတ်နိုင်သလောက် လျှော့ပေးမယ် ဘုန်းဘေဘီ ခင်ဗျားက ကျုပ် ဘေးမှာပဲ နေပေးပါ "

သူကိုယ်တိုင် ထိန်းခဲ့ရတဲ့ ဒီကလေးရဲ့ စိတ်ဓာတ်ကိုဘုန်းဘေဘီမသိတာမဟုတ်ပေမယ့်သူ့ရှေ့ကကြီးမြတ်ကုဋေချီက လွန်ခဲ့တဲ့ 15 နှစ်က ကြီးမြတ်ကုဋေချီမှ မဟုတ်တော့တာ ။

မနေ့ညက သူ့အပေါ်မှာ ပြုမူခဲ့တဲ့ Leo ကို တော့ သူတော်တော်ကြောက်သွားသည်။

" ကိုယ် တစ်ခုမှာထားမယ် ကြီးမြတ်ကုဋေချီ လက်ထပ်ပြီးမှ ကိုယ်နဲ့ မင်းက လုံအဆင်မပြေဘူးဆိုရင် မင်း "

" ကျုပ် ဘက်က ခင်ဗျား ကို အဆုံးထိ ဆွဲထားမှာ ဘုန်းဘေဘီ လက်တောင် မထပ်ရသေးဘူး  အဓိပ်ပါယျ မရှိတာတွေ ခင်ဗျား ထပ် မပြောနဲ့တော့ "

Baby of the billionaireWhere stories live. Discover now