Unicode
" သူလာပြီ "
Alex စကားအသံအဆုံး Club ထဲကို လူငယ်လေးတစ်ယောက်ဝင်လာသည်။
လူငယ်လေးဆိုပေမယ့် ကျစ်ကျစ်လစ်လစ်ရှိသော ခန္ဓာကိုယ် 188 centimeter ရှိသော အရပ် ကြောင့် လူအများကြားထဲတွင် ထင်းလင်းနေတယ်။
" Crore နဲ့ Great Possession ရဲ့ အမွေဆက်ခံသူလေ ကြီးမြတ်ကုဋေချီတဲ့ Leo လို့လည်း ခေါ်ကြတယ် ။ နောက်တစ်မျိုး ခေါ်သေးတယ် Hades တဲ့ ။ အသက်ငယ်ပေမယ့် အရည်အချင်းအရမ်းရှိတဲ့ ကောင်လေးလေ "
Alex အပြောကို ဘေးက အဝယ်တော်ကခေါင်းတငြိမ့်ငြိမ့်လုပ်ပြသည်။
" Nice to meet you, Mr. Leo "
" Same thing "
Leo ခြေထောက်နှစ်ဖက် လုံးကို Vodka ပုလင်းတွေ အစီအရီတင်ထားတဲ့ စားပွဲခုံပေါ်ကိုပစ်တင်ကာဝင်ထိုင်လိုက်သည်။
" အဓိကထုတ်လုပ်တာက ဘယ်နိုင်ငံတွေလဲ "
" အာဖဂန်နစ္စတန်က အဓိက ထုတ်လုပ်တာလေ ။ ပြီးရင် မြန်မာ နဲ့ ကိုလံဘီယာ ။ လာအို ။မက္ကဆီကို ။ အိန္ဒိယ ။ ပါကစ္စတန် ။ ထိုင်း ။ တူရကီ ။ တရုတ် ။ သြစတြေးလျနိုင်ငံတို့ က အစဥ်လိုက်ပဲ "
ဘိန်းထုတ်လုပ်တဲ့နိုင်ငံတွေအကြောင်းကို ရုတ်တရက် မေးလာ၍ Leo အေးအေးလူလူသာပြန်ဖြေပေးလိုက်တယ်။
"That's great, Mr. Leo ။ အကြီးအကျယ် စိုက်ပျိုးတဲ့နိုင်ငံတွေကရော "
" အိန္ဒိယ ။ အီရန် ။ တူရကီ ။ မက်ဆီဒိုးနီးယား ။ ဘူလ်ဂေးရီးယား ။ အီဂျစ် ။ အာရှမိုင်းနားနဲ့ တရုတ်နိုင်ငံ တွေမှာ အကြီးအကျယ် စိုက်ကြတယ် "
လူကသာ LA ရောက်နေပေမယ့် စိတ်က ဘုန်းဘေဘီ ရှိတဲ့နေရာမှာသာကျန်ခဲ့တာကြောင့် Leo စိတ်မကြည်ဖြစ်နေတယ်။
တစ်ယောက်ထဲ အဆင်ရောပြေရဲ့လားမသိဘူး။ဟိုအမျိုးသမီးနှစ်ယောက်က လွယ်တာ မဟုတ်ဘူး ။
မြန်မြန်ကိစ္စ တွေလက်စသတ်ပြီးပြန်ရမယ်။
" သူက ငါ့သူငယ်ချင်း Sam တဲ့ Leo ။ မင်း Heroin အကြောင်း နည်းနည်း ရှင်းပြလိုက် ။ သူစိတ်ဝင်စားရင် မင်းဆီကနေ 5 billion ဖိုးလောက် ဖြုန်းပေးလိမ့်မယ် Leo "
