နောက်တနေ့ရောက်တော့မှ ရှဲ့ဟယ်တို့ကို ကျိုးရိအန် ရှာတွေ့ခဲ့တယ်။
ကျောက်ချင်ကို တင်းကြပ်စွာပွေ့ဖက်ထားတဲ့ ကျိုးရိကျယ်ကလဲ သေဆုံးနေသကဲ့သို့ လှုပ်ရှားမှုကင်းမဲ့နေတယ်။ဒီမြင်ကွင်းကြောင့် ကျိုးရိအန် လက်တွေတုန်လာတယ်။သူတို့နှစ်ယောက်ကို ဆရာဝန် စမ်းသပ်ပေးနေတာကို မျက်လုံးအပြူးသားနဲ့ငေးကြည့်နေမိတယ်။စမ်းသပ်ပြီးတာနဲ့ ကျိုးရိကျယ်ကိုအရေးပေါ်ကုသပေးဖို့ လူနာတင်ကားနဲ့ဆေးရုံကိုခေါ်သွားဖို့ ပြင်ဆင်နေကြပေမယ့် ကျောက်ချင်ကိုတော့ ဘာအကူအညီမှမပေးကြဘဲ လျစ်လျူရှူထားကြတယ်......
ကျိုးရိအန် စိတ်ရှပ်နေပြီ.......
ဘာ့ကြောင့်လဲ.....ဘာ့ကြောင့် ကျောက်ချင်ကိုကယ်တင်ဖို့မကြိုးစားကြတာလဲ???? ကျောက်ချင်ကို ဘာလို့ ထားပစ်ခဲ့ကြတာလဲ???
ဆရာဝန်ရဲ့အင်းကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး အော်ဟစ်လိုက်တယ်။
"ဘာလုပ်နေကြတာလဲ???ဟိုမှာ ဒဏ်ရာရထားတဲ့သူနောက်တစ်ယောက်ရှိနေသေးတာ မမြင်ကြဘူးလား!!!???"
ဆရာဝန်က သူ့ရှေ့ကလူကို စိတ်မကောင်းဖြစ်နေတဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်....
"သူ အသက်မရှိတော့ဘူး....."
"မဟုတ်ဘူး !!!!!မဖြစ်နိုင်ဘူး! !!!"
ကျိုးရိအန်ရဲ့မျက်ဝန်းတွေက စိတ်ရိုင်းဝင်နေတဲ့သားရဲတစ်ကောင်လို နီရဲလာတယ်။ဆရာဝန်ကိုတွန်းထုတ်လိုက်ပြီး ကျောက်ချင်ကိုတင်းကြပ်စွာပွေ့ဖက်ထားလိုက်ပြီး တောင်းပန်တိုးလျှိုးနေတဲ့လေသံနဲ့.....
"ထပါတော့....ထပါတော့ကွာ......."
ရှိသမျှသွေးတွေအကုန်ဆုံးရှုံးထားတာကြောင့် ဖြူဖျော့နေတဲ့လူသားပန်းပုရုပ်ထုလေးကတော့ ဘယ်သောအခါမှ နိုးထလာမှာမဟုတ်တော့ပါဘူး......
ဒီကောင်လေးရဲ့အသွင်သဏ္ဍာန်လေးက အခုထိ ကြည်လင်အေးမြနေဆဲပါပဲ.....ဒီအတိုင်း ရှင်သန်မှုအငွေ့အသက်တွေကင်းမဲ့နေရုံလေးပါ.....
သုံးရက်လောက် အရေးပေါ်ကုသမှုခံယူပြီးချိန်မှာ ကျိုးရိကျယ်တစ်ယောက် သေမင်းနှုတ်ခမ်းဝကနေ လွတ်မြောက်လာခဲ့တယ်။
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။