Unicode
အိမ်ပြန်ရောက်တဲ့ထိတိုင်အောင် နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောဖြစ်တော့။
ကြီးမြတ်ကုဋေချီကလည်း ရုပ်တည်ကြီးနဲ့ သူ့အခန်းထဲ ဝင်သွားသဖြင့် ဘုန်းဘေဘီလည်း ဗျစ်ရည်ပုလင်းတွေကို freezer ထဲထည့်ကာမုန့်တွေကို စားပွဲပေါ်တင်ပေးထားလိုက်ပြီးမှ ကိုယ့်အခန်းကိုယ်ပြန်လာလိုက်တယ်။
" ဘုန်းဘေဘီ "
နာမည်ခေါ်သံကြောင့် ကြည့်လိုက်တော့ အခန်းထဲ က ကုတင်ပေါ်မှာထိုင်နေသော ဖွေး။
" ဘာခိုင်းစရာ ရှိလို့လဲ ဟင် ဖွေး "
ဘေဘီ ဆောင်းထားတဲ့ ခမောက်နဲ့ဝတ်ထားတဲ့ အနွေးထည်လက်ရှည်ကို ချွတ်ကာ ဗီရိုပေါ်မှာတင်လိုက်သည်။
" စကားပြောချင်လို့ ထိုင်ပါဦး ကုဋေရော ဘယ်မှာလဲ "
" သူ့အခန်းထဲ ဝင်သွားတယ် ဖွေး ဘာပြောဖို့လဲဟင် "
ဘုန်းဘေဘီ ကုတင်ထောင့်စွန်းလေးမှာ အသာဝင်ထိုင်ကာ မေးတော့ ဖွေးက သူ့ပုခုံးကို အသာဆုပ်ကိုင်လာတယ် ။
" ကုဋေ့ကို လွှတ်ပေးပါနော် ဘုန်းဘေဘီ "
ဒါက ဘာစကားကြီးလဲ ဘုန်းဘေဘီ ဖွေးပြောချင်တဲ့ဆိုလိုရင်းကို သိပေမယ့် သူ့ကို ဘာလို့ အဲ့လိုလာပြောရတာလဲ ။
" ကုဋေ့ကို ဖွေး ချစ်တယ် တွေ့ဆုံမှုကခဏလေးဆိုပေမယ့် တစ်သက်မှာ တစ်ခါသာချစ်တဲ့အချစ်မျိုးနဲ့ချစ်မိသွားပြီ ဘုန်းဘေဘီ ။ ဒါက ယုံချင်စရာ မကောင်းဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် "
ခေါင်းကို သာ ဘုန်းဘေဘီ အသာကုတ်မိတယ်။
" ကျွန်တော့်ကို ဘာလို့ ဒါတွေ လာပြောနေတာလဲ ဟင် ဖွေး "
မေးလိုက်တော့လည်း ခုနကထက်ပိုအားပြင်းစွာပုခုံးကိုဖိညှစ်လာသည်။
လက်သည်းချွန်ချွန်တွေကြောင့် ဘုန်းဘေဘီ ပုခုံးသားထဲနစ်ဝင်သွားမှာတောင်စိုးရိမ်ရတယ်။
" ဖွေး လူမို့ လွှတ်ပေးလို့ ပြောနေတာ ။ သူနဲ့ မပက်သတ်ပါနဲ့ ဘုန်းဘေဘီ ဖွေးသတိပေးထားလိုက်မယ် "

ESTÁS LEYENDO
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.