System White

12.2K 412 13
                                    

Unicode

ည၁၂နာရီ

မြူခိုးကုမ္ပာဏီအလုပ်ကြောင့်နောက်ကျမှရုံးကနေကားနဲ့ပြန်ခဲ့တယ်၊မြူခိုးအဖေနဲ့အမေကချမ်းသာတယ်၊အဖေနဲ့အမေကတယောက်ကိုတယောက်ချစ်လို့ယူထားတာကြောင်အိမ်ထောင်ရေးသာယာခဲ့သည်၊မြူခိုးတို့မိသားစုကပျော်ပျော်ရွှင်ရွှင်နဲ့နေ့ရက်တွေဖြတ်သန်းလာခဲ့တယ်၊ပျော်ရွှင်တဲ့ရက်တွေက..ချက်ချင်မုန်တိုင်းတွေထန်လာခဲ့သည်၊မိသားစုတွေပျော်ပွဲစားထွက်ပြီးအပြန် ကားအက်ဆီးဒန့်ဖြစ်ပီးအဖေနဲ့အမေကပွဲချင်းပြီးဆုံးသွားခဲ့သည်၊အဒေါ်ကမြူခိုးကိုစောင့်ရှောက်ခဲ့တယ်အမွေတွေကတော့မြူခိုး၁၈နှစ်ပြည့်တာနဲ့ရှေ့နေနဲ့လွှဲပေးခဲ့တယ်

မြူခိုးအဒေါ် ဒေါ်မြသွယ်မှာသားတယောက်ရှိတယ်၊သူ့နာမည်ကမင်းခန့်၊ မင်းခန့်ကမြူခိုးရဲ့ညီလေးတစ်ယောက်ဆိုလဲမမှားဘူး၊တနေ့မင်းခန့်ကဝိုင်ဆိုမိန်းကလေးကိုမိတ်ဆက်ပေးလာတယ်၊ဝိုင် ကမြူခိုးကိုနားအလည်ပေးဆုံးမိန်းကလေးတစ်ယောက်ဆိုလည်းမမှားဘူး၊နောက်တော့မြူခိုးနဲ့ဝိုင်ရည်းစားတွေဖြစ်လာတယ်၊မြူခိုးအတွက်အပျော်ဆုံးနေ့ရက်တွေပါပဲ မိဘလိုမြူခိုးကိုချစ်ပေးတဲ့အဒေါ်ရယ်၊ညီအစ်ကိုလိုခင်ရတဲ့မင်းခန့်ရယ်၊အရာရာမြူခိုးပေါ်နားလည်ပေးတဲ့ ဝိုင် ဆိုတဲ့ချစ်ရသူရယ်၊ ကားမောင်းနေရင်းမြူခိုး ပြုံးနေသည် မြူခိုးဘဝကအရာရာပြည့်စုံနေတယ် မြူခိုးတွေးနေတုန်းကုန်တင်ကားတစ်စီးကမြူခိုးကားကိုဝင်တိုက်လိုက်တယ်၊ကားကမှောက်သွားပြီးမြူခိုးကကားပြင်ဘက်ကျသွားသည် ၊မြူခိုးခေါင်းကသွေးတွေထွက်နေပီးအမြင်အာရုံတွေဝေဝါးနေသည်၊ဝေဝေဝါးဝါးမြင်နေတဲ့အမြင်အာရုံထဲဝိုင်နဲ့မင်းခန့်ကမြူခိုးဘက်ဖြေးဖြေချင်းလျှောက်လာတာကိုမြင်နေရသည်၊
"ဟက်..ခုထက်ထိမသေသေးဘူးလား အသက်တော်ပြင်းတာပဲ"
လှောင်ရယ်သံစွတ်နေတဲ့ ဝိုင် အသံကိုမြူခိုး ရှင်ရှင်းလင်းကြားမိသည်၊မြူခိုးမျက်လုံးတွေကိုကြိုးစားဖွင့်လိုက်တော့လမ်းမီးတိုင်ကနေမီးအလင်းရောင်ကြောင့်
ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်၊သူ့မျက်လုံးတွေနားတွေကိုပင်မယုံနိုင်ပေ၊မင်းခန့်ကဝိုင်ခါးကိုဖက်ကာနမ်းနေသည်၊မြူခိုးလက်ကျန်အားကိုစုပြီးစကားပြောဖို့ကြိုးစားလိုက်သည်
"ဘာ..ဘာလို့လဲ..ဘာလို့..ငါ့အပေါ်ဒီလို..လုပ်ရက်ကြတာလဲ"

System WhiteWhere stories live. Discover now