Arc 1.6

3.4K 305 8
                                    

Unicode

လရောင်လည်းကျောင်းနောက်ကျနေပြီဖြစ်တာကြောင့်အိမ်ပဲပြန်လာခဲ့တယ်၊အိမ်ရောက်တော့အဖိုးကကျောင်းမသွားဖူးလားမေးတော့ဒီနေ့နေသိပ်မကောင်းတာကြောင့်မနက်ဖြန်မှာသွားတော့အဲ့လို့ပြောလိုက်တယ်၊

အဖိုးကလည်းdoctorခေါ်ပေးရမလားမေးတော့လရောင်လည်းခနနေရင်သက်သာသွားမည်ဖြစ်ကြောင်းစိတ်ပူစရာမလိုကြောင်းပြောမှအဖိုးကdoctorကိုမခေါ်ခြင်းပေ၊လရောင်မှာတကယ်တော့ဘာမှမဖြစ်ချေ၊ပျင်း၍သာမသွားတာပင်၊

တကယ်ဘဝမှာကုမ္ပဏီကိုပင်ဦးစီးသူကကျောင်းသွားရမည်လို့စိတ်ပင်မကူးဖူးပေ၊စာပြန်မသင်ချင်ပေ၊အိမ်မှာtvကြည့်လို့၊စားလိုက်၊အဖိုးကိုကပ်ချွဲပြီးမုန့်ဖိုးတောင်းလိုက်နဲ့လရောင်မှာဇိမ်ကျနေသည်

မနက်ဖြန်ရောက်တော့ပျင်းနေသေးသော်လည်းwhiteရဲ့ကျေးဇူးကြောင့်စက်ဘီး၍သွားလိုက်ရသည်၊ကျောင်းရောက်တော့ဇာတ်လိုက်မမြတ်သုတနဲ့တွေ့သည်၊သူ့ကိုဂရုစိုက်မနေတော့ဘဲနောက်ဆုံးခုံမှာပဲဝင်ထိုင်နေလိုက်သည်၊တခါတလေပြသနာကို ကိုကမရှာဘဲပြသနာကကိုယ့်ကိုလာရှာတတ်တာ မှန်နေသည်၊မြတ်သုတမှာသူဘာသာအေးဆေးမနေဘဲလရောက်ရဲ့ခုံရှေ့မှာဝင်ရပ်ပြီးညီအကိုဇာတ်လမ်းလာကပြနေသည်

"အကိုရေမနေ့ကဘာလို့အဖေနဲ့စကားများနေတာလဲ?အဖေကအကို့ကိုချစ်လို့ဆုံးမတာကိုအကိုကပြန်ခံပြောတော့အဖေကစိတ်တိုပြီးအကို့ကိုအိမ်ပေါ်ကမောင်းချတာပါ၊မနေ့ကအဖေ့ကိုချော့ပြောတော့အဖေကအကို့ကိုပြန်လက်ခံမှာပါ၊အကိုအခုဘယ်မှာနေတာလဲ၊ဘယ်နေရာဖြစ်ဖြစ်မိဘအရိပ်ထက်ဘယ်အရာမှပိုမအေးချမ်းပါဘူး၊ပြန်လာခဲ့ပါနော်"

သူ့စကားကြောင့်အတန်းထဲကလူတွေမှာမြတ်သုတကိုနတ်သားလေးလို့တောင်မြင်လာကြသည်၊လရောင်ကိုတော့လူတွေကအဖေကိုပြန်ပြောတဲ့သားမိုက်လို့ပဲမြင်ကြသည်၊အိမ်ပေါ်ကနှင်ချခံရနည်းသေးတယ်ဆိုပြီးတိုးတိုးတမျိုးကျယ်ကျယ်တမျိုးပြောကြသည်၊

မြတ်သုတကတော့အပြင်ဘက်မှာစိုးရိမ်သလိုနဲ့စိတ်ထဲမှာတော့ဝမ်းသာနေတယ်၊လရောင်လိုဘာမဟုတ်တဲ့ကောင်ကိုလူတွေအပြစ်တင်နေလို့ဝမ်းသာပြီးသူ့ကိုလူတွေကချူးကျူးတာကိုတော့ပျော်ရွှင်နေသည်

System WhiteWhere stories live. Discover now