Arc 3.2

1.6K 124 16
                                    

Unicode

#မြူခိုးကိုlucasလို့သုံးလိုက်တော့မယ်နော်#

ခုသူရောက်နေတဲ့အချိန်ကနည်းနည်းတော့နောက်ကျနေပြီ၊ဇာတ်လိုက်ကlucasလမ်းခွဲလိုက်ပြီးမနက်ဖြန်မှာပဲသူ့အမရဲ့လက်ကိုဆွဲပြီးသူတို့ကြိုက်နေကြောင်းတစ်ကျောင်းလုံးကိုကြေငြာမှာပင်၊

ဟက်..ကျင့်ဝတ်မရှိတဲ့ကမ္ဘာပါလား၊ငါ့ရဲ့လူကြီးကဇာတ်လိုက်များဖြစ်နေမလား၊တကယ်လို့သူ့လူကြီးကဇာတ်လိုက်ဖြစ်လို့ကတော့သူ့ရဲ့ခြေထောက်သုံးချောင်းစလုံးကိုရိုက်ချိုးဖြစ်မယ်

စားပွဲပေါ်ကနာရီကိုကြည်လိုက်တော့ညနေ၅နာရီရှိနေပြီ၊lucasရဲ့ဆန္ဒကဒီအိမ်ကထွက်သွားဖို့ဆိုတော့အလွယ်လေးပင်၊သူ့ရဲ့ခရီးဆောင်အိတ်ကိုထုတ်ပြီးသူ့ရဲ့အရေးတကြီးပစ္စည်းတွေကိုထည့်လိုက်သည်၊ဟောမုန်းထိန်းချုပ်ဆေးတွေလည်းသောက်လိုက်သည်၊အရေးကြီးဆုံးကတော့အိမ်ကနေထွက်ပြီဆိုရင်ပိုက်ဆံပင်

၊ဒါကတော့lucasအတွက်ကeasyပင်၊ဒါပေမဲ့ဒီအိမ်ကိုနည််းနည်းလောက်တော့ဂ‌ေလာက်ဆန်ချင်သည်၊သူ့လက်ထဲမှာရှိတဲ့ပိုက်ဆံအနည်းငယ်ကိုယူပြီးဒီအိမ်ကနေထွက်သွားဖို့ပြင်လိုက်သည်

သူအခန်းပြင်ထွက်လိုက်တာနဲ့ထမင်းစားခန်းကနေကျယ်လောင်တဲ့ရယ်မောသံတွေကြားနေရသည်၊ဘေးလူ‌ေတွကြည့်လိုက်ရင်သာယာပျော်ရွှင်နေတဲ့မိသားစုလေးလိုပင်၊သူတို့ကိုကြည့်ရင်းlucasရဲ့နှလုံးသားမှာအပ်နဲ့ထိုးသလိုနာကျင်လာရသည်၊ဝမ်းနည်းပူဆွေးမှုနဲ့မနာလိုမှုနှစ်ခုစလုံးကိုခံစားလာရသည်

၊ဒါကမူလခန္ဓာကိုယ်ရဲ့ခံစားချက်တွေလား၊အရင်တုန်းကlucasရဲ့မှတ်ဥာဏ်တွေကတရိပ်ရိပ်ခေါင်းထဲမှာပေါ်လာသည်၊သူ့အဖေဟာသူ့အရှေ့မှာဘယ်တုန်းကမပြုံးပြဖူးဘူး၊သူ့အမေ့ဟာလည်းသူ့ကိုဘယ်တုန်းကမှ
ချစ်ခင်ကြင်နာတဲ့အကြည့်မျိုးနဲ့သူ့ကိုမကြည့်ခဲ့ဖူးဘူး၊သူ့အကို ကိုသာချစ်ပေးကြည်နာပေးခဲ့တယ်၊သူမရခဲ့ဖူးတဲ့မေတ္တာတွေနဲ့၊သူဘာအမှားတွေများလုပ်ခဲ့လို့လဲသူ့မိဘတွေရဲ့နွေးထွေးမူတွေကိုမရအောင်၊သူဘယ်လောက်ပဲကြိုးစားကြိုးစားသူ့ဘက်ကိုတချက်လေးမှလှည့်မကြည့်‌ေပခဲ့ကြဖူးဘူး၊

System WhiteWhere stories live. Discover now