Arc 2.11

1.6K 148 9
                                    

Unicode

ချန်ချင်းအိမ်တော်ကိုပြန်ရောက်တော့သူ့သမီးကအဖျားကြီးပြီးသတိလစ်နေသည်၊သူ့ချစ်ဇနီးကလည်းငိုထားပုံဟန်ရှိပြီးခန္ဓာကိုယ်ကလည်းတသိမ့်သိမ့်တုန်နေသည်

ဖြစ်ကြောင်းကုန်စင်သိပြီးသည့်နောက်မှာဒေါသတကြီးစားပွဲခုံကိုရိုက်လိုက်သည်
"သိပ်ကောင်းတယ်ငါတို့ချန်အိမ်တော်ကအရေ
းစိုက်စရာမလိုဘူးလို့ထင်နေကြတယ်ပေါ့၊ငါ့ဘဝရဲ့ထက်ဝက်လောက်ကိုဒီဘုရင်ကိုခစားနေရပေမဲ့ငါတို့ရဲ့သမီးလေးကိုဒီလိုစော်ကားခဲ့တယ်ပေါ့"
ချန်ချင်းကအချိန်တော်ကြာဒေါသထွက်ခဲ့ပေမဲ့ခနကြာတော့မဲ့ပြုံး ပြုံးလိုက်သည်
"ဟက်..သူတို့ကတောင်ဒီလိုလုပ်ရဲမှတော့ငါကလည်းချန်အိမ်တော်ဘယ်လောက်ကြီးကျယ်ကြောင်ပြရသေးတာပေါ့"
ဟွားမိန်မှာသူ့ခင်ပွန်းရဲ့အေးစက်တဲ့မျက်လုံးတွေကြောင့်ကြောက်လန့်သွားပြီလက်ကိုင်ပုဝါကိုအားနဲ့စုပ်ကိုင်ပြီး
"သခင်ကြီး ရှင်ဘာလုပ်မလို့လဲ"
"ဘုရင်ကအနားယူဖို့လိုပြီ၊ဘုရင်မျိုးဆက်အသစ်လုပ်ဖို့အချိန်ကျပြီ"
ချန်မိန်ချင်းမှာသူ့ဖခင်ရဲ့စကားကြောင်ကြောက်လန့်သွားသည်၊သူ့အသံမှာလည်းအနည်းငယ်တုန်ယင်နေသည်
"အ အဖေဘာလုပ်မလို့လဲ"

ချန်ခင်းမှာသူ့သမီးကုတင်ပေါ်ထိုင်လိုက်ပြီးဆံပင်ကိုလက်နဲ့ပွတ်ပေးလိုက်ပြီး
"သမီးခံစားခဲ့ရတာအတွက်သူတို့သေချာပေါက်ပြန်ပေးဆပ်ရမယ်၊အဖေလည်းအရင်ကတည်းကတော်လှန်ဖို့စီစဥ်ထားခဲ့တာ"
"ဒါ ဒါပေမဲ့သမီးတို့မအောင်မြင်ခဲ့ရင်ရော"
"အဖေတော်လှန်မယ်ဆိုတာခုမှစဥ်းစားခဲ့တာမဟုတ်ဘူး၁၀နှစ်ရှိပြီအဖေ့မှာကိုယ်ပိုင်စစ်တပ်ရောနန်းတွင်းထဲကအဖေ့နောက်လိုက်တွေရောရှိပြီ"

ချန်မိန်ချင်းအစမှာထိတ်လန့်မိသော်လည်းသူ့ဖခင်ရဲ့ပြောစကားကြောင့်စိတ်အေးသွားသညါ
"အဖေ ရိမင်ကောကတော့သမီးအပိုင်နော်"
သူ့သမီးရဲ့ချစ်စရာစကားလေးကြောင့်ချန်ချင်းမှာအနည်းငယ်ရယ်မောမိသွားသည်
"ဟုတ်ပါပြီကွာ ထီးနန်းကိုရမှာတော့သမီးလိုချင်တာဘာမဆိုရရမှာပေါ့၊ချန်အိမ်တော်ကဘယ်သူပဲဖြစ်ဖြစ်သူတို့လိုချင်တာရရမှာ ဘာပဲဖြစ်နေပါစေ"

System WhiteWhere stories live. Discover now