Arc 4.1

556 58 5
                                    

Unicode

ရင်းနှီးနေတဲ့နာကျင်မှုနဲ့အတူသူနဲ့မသက်ဆိုင်တဲ့မှတ်ဥာဏ်တွေပါခေါင်းထဲအစီအရီဝင်လာခဲ့သည်၊ခုရောက်နေတာရှေးခေတ်ကိုပင် သူ့ကမ္ဘာနဲ့မတူတာကဒီကမ္ဘာမှာကောဆိုတဲ့ကလေးမွေးဖွားနိုင်တဲ့ယောကျာင်္းလေးရှိနေခြင်းပင်၊ဇာတ်လိုက်ကအမတ်ချုပ်ကြီးရဲ့တစ်ဦးတည်းသောသားကျန်းကျွင်းဟန်ပင်၊တစ်အိမ်လုံးရဲ့ချစ်မြတ်နိုးမှုကိုရရှိတာကြောင့်လူပေါ်ကြော့သခင်လေးတစ်ယောက်ဖြစ်လာခဲ့တယ်၊

ရည်းစားလည်းပွေရှုပ်လွန်းလှသည်၊ရုပ်ကလည်းချောဝန်ကြီးချုပ်ရဲ့ တစ်ဦးတည်းသောသားဖြစ်တာကြောင့်ကောင်မလေးတွေရောကောတွေပါဝိုင်းဝိုင်းလည်နေတာပင်၊

ဇာတ်လိုက်မ‌ကျောက်စဲ့စဲ့ ကတော့မင်းသားရဲ့ရည်းစားတွေထဲကတစ်ယောက်ပင်၊နောက်ဆုံးမှာမင်းသားရဲ့ပွေရှုပ်မှုကြောင့်စိတ်နာသွားပြီးနန်တော်ထဲဝင်ကာကြင်ယာတော်ရွေးပွဲကိုသွားရောက်ယှဥ်ပြိုင်ခဲ့ကာအနိုင်ရခဲ့သည်၊

ဇာတ်လိုက်ကတော့လူပေါ်ကြော့ဘဝနဲ့ဘဝကိုအလွယ်တကူပဲဖြတ်သန်းနေခဲ့တယ်၊မထင်မှတ်ဘဲသူ့ဘဝထဲကိုကံကြမ္မာမုန်တိုင်းတိုက်လာခဲ့တယ်၊ဒီကမ္ဘာရဲ့ဗီလိန်ဝမ်ရိရှင်းဟာသူ့မိဘနဲ့တစ်အိမ်သားလုံးကိုနိုင်ငံတော်သစ္စာဖောက်မှုဖြင့်အသတ်ခံခဲ့ရတယ်၊သူ့ကိုတော့အရှင်ဖမ်းကာနောက်တစ်ရက်နေထွက်ချိန်မှာလူလယ်ခေါင်မှာခေါင်းဖြတ်ကွက်မျက်ဖို့စီစဥ်ထားခဲ့တယ်

ဇာတ်လိုက်မကတော့အဲ့အချိန်မှာပင်မိဖုရားရာထူးကိုရောက်ရှိနေသည်၊ဇာတ်လိုက်အဖမ်းစီးခံရတယ်လို့ကြားရတဲ့အချိန်မှာသူကဇာတ်လိုက်ကိုကယ်ဖို့အရာအားလုံးကိုစီစဥ်ပြီးလွှတ်မြောက်ဖို့တခြားနိုင်ငံနဲ့ပူးပေါင်းခဲ့သည်၊ဇာတ်လိုက်ကဇာတ်လိုက်မရဲ့သူ့ကိုချစ်မြတ်နိုးမှုနဲ့သူ့အတွက်နိုင်ငံကိုပင်စွန့်လွှတ်မှုကြောင့်ရင်ထဲထိရှသွားခဲ့တယ်၊ဇာတ်လိုက်တို့နှစ်ယောက်ဟာတစ်ခြားနိုင်ငံနဲ့ပူးပေါင်းပြီးဗီလိန်ကိုနန်းချကာနိုင်ငံတော်အသစ်ကိုထူထောင်ခဲ့ကြတယ်၊ဇာတ်လိုက်ကဘုရင်အဖြစ်နိုင်ငံကိုဦးဆောင်ကာဇာတ်လိုက်မကတော့မိဘုရားခေါင်အနေဖြင့်ဇာတ်လိုက်ကိုကူညီဆောင်ရွက်ပေးခဲ့တယ်၊ဗီလိန်ကတော့အကျဥ်းထောင်မှာနည်းမျိုးစုံနဲ့နှိပ်စက်ခံရကာနောက်ဆုံးခေါင်းဖြတ်သတ်ခံရခဲ့တယ်

System WhiteWhere stories live. Discover now