Arc 1.8

3.2K 287 7
                                    

Unicode
နောက်တနေ့မနက်မြတ်သုတကျောင်းလာတော့လူတွေကသူ့ကိုရွံ့စရာသတ္တဝါလို စိတ်ပျက်စရာလူလိုအမျိုးမျိုးကြည့်တာခံနေရသည်၊သူဒီလိုကြည့်ခံရတာတာမကြိုက်ပါ

၊ဘာတွေဖြစ်နေမှန်းနားမလည်တော့ပါ၊ဘာတွေမှားနေတာ၊လမ်းမှာသူ့သူငယ်ချင်းတယောက်ကိုတွေ့တော့ဘာတွေဖြစ်နေလဲမေးတော့သူ့ကိုထူးထူးဆန်းဆန်းကြည့်ပြီးလှောင်ပြုံးပြုံးနေသည်

"နင်ဘာမှမသိသေးဘူးလားဖြစ်နိုင်ပါတယ်လေအဲ့ဒါကြောင့်နင်ကျောင်းလာရဲတာပေါ့၊မဟုတ်ရင်နင်ကျောင်းလာဖို့မျက်နှာတောင်ရှိမှာမဟုတ်ဘူး၊ရော့ကြည့်လိုက်"

သူ့ကိုရွံရှာသလိုကြည့်ပြီးဖုန်းထိုးပေးတဲ့သူကိုနားမလည်သလိုကြည့်လိုက်ပြီးဖုန်းကိုကြည့်လိုက်တော့တစ်စတစ်ကြောက်ရွံစိတ်တွေတိုးလာသည်၊ဖုန်းကိုင်တဲ့လက်မှာတုန်ရီနေပြီးဖုန်းမှာအောက်သို့ကျသွားသည်

"ဟေ့ကောင်ဘာလုပ်တာလဲ..ငါ့ဖုန်းလေး ကွဲသွားရင်ဘလိုလုပ်မှာလဲမနှစ်ကမှ ဝယ်ထားတာကွ"

သူ့ကိုလာအော်နေတဲ့ကောင်ကိုကြည့်လိုက်တော့အရင်ကသူ့ကျွန်လိုနေခဲ့တဲ့ကောင်ဖြစ်နေသည်၊အရင်တုန်းကဆိုရင်ငါ့ဖိနပ်ကိုရပ်တော့မတက်ဖြစ်နေတဲ့ကောင်ကရာရာစစငါ့ကိုများ

"မင်း‌ေ-ာက်ပါးစပ်ပိတ်ထားစမ်းအဲ့လိုဖုန်းကိုငါ၁၀လုံးပြန်လျော်ပေးနိုင်တယ်၊မင်းလိုကောင်ကငါ့ကိုပြန်အော်စရာအကြောင်းမရှိဘူး၊မင်းမိသားစုစီးပွားပျက်အောင်တောင်လုပ်လို့ရတယ်နားလည်လား"

ဒေါသတကြီးပြောနေတဲ့မြတ်သုတာစကားတွေကြောင်ဘေးလူတွေကြောင်အကုန်သည်

နောက်ဆုံးတော့မြတ်သုတရဲ့မျက်နှာဖုံးမှာကွာချသွားသည်၊ဖုန်းပစ်ချခံလိုက်ရတဲ့ကောင်လေးမှာမြတ်သုတစကားကြောင့်ပြန်မပြောရဲတော့ပေ၊အမှန်ပေ မြတ်သုတကသူတို့မိသားစုရဲ့စီးပွားရေးကိုပျက်ချင်ရင်ဖျက်စီးလို့ရပေသည်

မြတ်သုတမှာဒေါသတကြီးအော်ပြောပြီးနောက်တိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ကိုသတိထားမိသွားသည်၊

System WhiteWhere stories live. Discover now