Arc 1.9

3.1K 270 6
                                    

Unicode
နောက်တနေ့ကျောင်းသွားတော့ဇာတ်လိုက်မကျောင်းပြောင်းသွားပြီဆိုတဲ့သတင်းကိုကြားရတယ်၊ဇာတ်လိုက်နဲ့ဇာတ်လိုက်မအဲ့တာဆိုမတွေ့နိုင်တော့ဘူးလား

"Whiteဇာတ်လိုက်နဲ့ဇာတ်လိုက်မကမတွေ့ဖြစ်တော့ဘူးလား"

"hostမျက်နှာကြည့်ရတာကျေနပ်နေသလိုပုံစံဖြစ်နေတာလို့ကျွန်တော်ဘာလို့ထင်နေရတာလဲ"

"ငါကထူးဆန်းနေလို့မေးကြည့်တာပါ၊ဇာတ်လိုက်တို့ဆိုတာကကောင်းကင်ရဲ့မိတ်ဖက်တွေမလားခုမြတ်သုတကကျောင်းပြောင်းသွားတော့မတွေ့ဖြစ်ကြတော့ဘူးလားလို့"

"ခနwhiteသွားကြည့်လိုက်အုန်းမယ်မြတ်သုတဘယ်မှာလဲဆိုတာ"

လရောင်စိတ်ထဲထူးဆန်းနေသလိုခံစားနေရသည်၊သူတို့သာတွေ့ဖြစ်ရင်ဂုဏ်ရောင်ကမြတ်သုတကိုပြန်ကြိုက်သွားမလား

"hostမကောင်းတော့ဘူး ဇာတ်လိုက်တို့တွေ့နေကြပြီ"
"ဘယ်လို ဘယ်မှာလဲသူတို့က!!"
"ဂုဏ်ရောင်ကားနဲ့မြတ်သုတကိုတိုက်မိသလိုဖြစ်တာ"
လ‌ရောင်မှာဆရာမစာသင်နေတာကိုတောင်မသိဘဲအပြေးစာသင်ခန်းထဲကထွက်လာသည်၊စာသင်ခန်းထဲကလူတွေမှာကြောင်အနေလျက်

whiteပြောတဲ့နေရာကိုရောက်တော့မြတ်သုတမှာဂုဏ်ရောင်ရင်ခွင်ထဲမှာအခန့်သား

လရောင်မှာအဲ့မြင်ကွင်းကြောင်ဒေါသငယ်ထိပ်ရောက်နေသလိုပင်

ဂုဏ်ရောင်မှာလရောင်ကိုမြင်တော့အယောင်
‌ေယာင်အမှားမှားနဲ့မြတ်သုတကိုတွန်းထုတ်မိသည်

မြတ်သုတမှာမြေပြင်ပေါ်ကွေခနဲကျသွားသည်၊မြတ်သုတမှာဂုဏ်ရောင်ကိုမျက်ရည်အဝဲသားနဲ့မယုံကြည်နိုင်သလိုကြည်နေပုံမှာသစ္စာဖောက်သွားတဲ့သူ့ရည်းစာလိုပင်၊မသိတဲ့သူဆိုရင်မြတ်သုတပုံစံကိုကြည့်ပြီးဂုဏ်ရောင်ကိုသစ္စာဖောက်တဲ့သူလို့ထင်မှာပင်

လရောင်မှာဂုဏ်ရောင်လည်ပင်းကိုဖက်ပြီး
"လူကြီး ဘာဖြစ်နေတာလဲဟင်"
ဂုဏ်ရောင်"..."
White"..."

မြတ်သုတမှာလရောင်ကိုမြင်ပြီးဒေါသထွက်လာရသည်
"လရောင် မင်းကသူနဲ့သိလို့လား"
"သိရုံတင်မကဘူးငါနဲ့က ချစ်သူတွေလေ"
ရှက်သွေးဖြန်းပြီးပြောနေတဲ့လရောင်ကြောင့်သွေးအန်ချင်စိတ်ပင်ပေါက်မိသည်

System WhiteWhere stories live. Discover now