Arc 1.5

3.5K 322 2
                                    

Unicode

"ခင်ဗျားအဆင်ပြေလား"

သူ့ကိုစိုးရိမ်တကြီးကြည့်ပေးတဲ့ကောင်လေးရဲ့စကားကြောင့်ဂုဏ်ရောင်ရင်တွေခုန်လာမိသည်

"hostဇာတ်လိုက်ကိုစိတ်ပူနေတာလား"

"နည်းနည်းပေါ့ .."
လို့ပြောနေမိပေမဲ့သူ့ကိုနည်းနည်းတော့စိုးရိမ်မိတာအမှန်ပင်၊သူ့ရဲ့မျက်ဝန်းတွေကိုမြင်မိတဲ့တခနသူ့ရဲ့ရင်ထဲမှာလျှပ်စီး စီးဝင်သလိုခံစားမိသည်၊ ဝိုင် နဲ့တောင်မခံစားမိတဲ့ခံစားချက်မျိုးနဲ့

"ငါကဇာတ်လိုက်ကိုအသုံးချပြီးဇာတ်လိုက်မနဲ့ဇာတ်လိုက်ကြားဆူငြောင့်တွေခင်းမလို့whiteရေ မင်းမသိဖူးလားဇာတ်လိုက်နဲ့ဇာတ်လိုက်မဆိုတာကောင်းကင်ရဲ့မိတ်ဖက်တွေလေတကယ်လို့ဇာတ်လိုက်မကငရဲသားဖြစ်နေရင်ဇာတ်လိုက်ယမမင်းဖြစ်မယ့်ဇာတာမျိုးလေ"
[hostပြောတာလဲမှန်တာပဲနော်]
"ကိုကအဆင်ပြေပါတယ်စိတ်မပူပါနဲ့ ကောင်လေး"
"ကောင်လေး ကျွန်တော့်ကိုပြောတာလား"
ကိုယ့်ကိုယ်ကိုလက်ညိုးလေးထိုးပြီးပြောနေတဲ့ကောင်လေးကြောင့်ဂုဏ်ရောင်အူယားနေမိသည်၊

က်ုယ့်ကိုမင်းရဲ့ချစ်စရာကောင်းတဲ့ပုံလေနဲ့သတ်ချင်နေတာလားကွာ
"အင်း ကိုယ်မင်းကိုကောင်လေးလို့ခေါ်ချင်တာ"
"ဒီမှာကျွန်တော်နဲ့ခင်ဗျားကအသက်သိပ်မကွာဘူးကျွန်တော့ကိုကောင်လေးလို့မခေါ်နဲ့"
"ကိုယ်ကအဲ့လိုပဲခေါ်ချင်တာ"
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးပြောနေတဲ့ဇာတ်လိုက်ကောင်ကြောင့်လရောင်ရင်တွေတဒုန်းဒုန်းခုန်လာသည်၊အကြည့်လွှဲလိုက်ပြီး
"ခေါ်ချင်လဲခေါ်ပေါ့ ခုတော့ဒီနေရာကနေသွားရအောင်ဟိုလုတွေပြန်ထလာအုန်းမယ်၊ခုတော့ဆေးခန်းသွားရအောင်"

ဆေးခန်းမှာဒဏ်ရာတွေကိုဆရာဝန်ကစစ်ဆေးပေးပြီးသောက်ဆေးတွေပေးလိုက်သည်၊သူနာပြုကဒဏ်ရာကိုဆေးထည့်ရင်းဇာတ်လိုက်ကိုငမ်းနေတာကြောင့်လရောင်စိတ်တိုလာပြီး
"အမ ဒဏ်ရာကဆေးထည့်လို့ပြီးပြီလားဟင်လွန်ခဲ့တဲ့ဆယ်မိနစ်ကတည်းကဒီဒဏ်ရာတခုပဲထည့်နေတာခုဆိုအမာရွတ်တောင်မရှိလောက်တော့ပါဘူး"

"အာ..တောင်းပန်ပါတယ်ပြီးပါပြီ"သူနာပြုလည်းပြောပြီးထွက်သွားသည်၊

System WhiteWhere stories live. Discover now