Arc 2.7

2.2K 197 8
                                    

Unicode

ပိုင်လင်လည်းထန်ရိမင်ကိုကြည့်လိုက်ပြီးပြုံးလိုက်သည်
"လူကြီးနဲ့လိုက်ခဲ့မယ်"
ထန်ရိမင်လည်းကောင်လေးစကားကြောင့်ရင်ထဲကြည်နူးမိသည်

whiteမှာတော့သူ့hostရဲ့စဥ်းစားပုံမြန်ဆန်မှုအားလက်မြောက်အရှုံးပေးချင်စိတ်ပင်ပေါ်သွားသည်
"hostရယ်တစ်နာရီလောက်တော့အိုက်တင်ခံသင့်တယ်လို့မထင်ဘူးလား"
"မထင်ပါဘူး"

သူ့hostရဲ့ဖိုးသခွားမျက်နှာလေးကိုကြည်ပြီးဖနှောင့်နဲ့ပေါက်ချင်စိတ်ကိုထိန်းချုပ်ထားလိုက်သည်၊သူပေါက်လိုက်ရင်လည်းသူ့hostကသူ့ကိုကိုင်ပေါက်ပစ်မှာကိုမလွှဲမသွေသေချာသိသည်

"hostကဒီနေ့မှသိတဲ့သူနောက်လိုက်သွားမှာကိုဇာတ်လိုက်တစ်မျိုးမမြင်သွားနိုင်ဘူးလား"

ပိုင်လင်မှာwhiteရဲ့စကားကြောင့်ကြောင်တောင်တောင်ဖြစ်သွားရသည်၊မသိရင်အိမ်ကနေခိုးရားလိုက်တော့မယ့်သမီးကိုဆုံးမနေတဲ့မိခင်အသံနဲ့ဘာလို့တူနေရတာလဲ

"whiteရာစိတ်မပူစမ်းပါနဲ့သေချာပေါက်သူငါ့ကိုအဲ့လိုထင်မှာမဟုတ်ဘူး"
whiteမှာကြောင်သွားသည်၊ဘာလို့သူ့hostမှာဘယ်ကရလာတဲ့confidenceတွေရလာတာပါလိမ့်

"ဘာလို့hostကဒီလောက်ယုံကြည်နေရတာလဲ"
"သိချင်လား"
ပိုင်လင်ရဲ့စကားကြောင့်whiteမှာပုတ်သင်ညိုလိုခေါင်းမှာအဆက်မပြတ်ငြိမ့်နေသည်၊ပိုင်လင်လည်းပြုံးလိုက်ပြီး

"သူငါ့အပေါ်ကြည့်တဲ့အကြည့်တွေနဲ့သူငါ့မပေါ်ထားတဲ့အချစ်တွေကိုငါကယုံကြည့်လို့ပဲ၊ချစ်သူနှစ်ဦးကြားမှာအခြေခံစည်းမျဥ်းကတစ်ယောက်အပေါ်တစ်ယောက်လေးစားဖို့ပဲလေ"

သူ့စကားတွေကိုသိပ်နားလည်ပုံမရတဲ့whiteကိုကြည့်ပြီး
"မင်းအသက်ကြီးလာရင်နားလည်လာပါလိမ့်မယ်"

အစကသူ့hostပြောတဲ့စကားတွေကိုသိပ်နားမလည်လို့စဥ်းစားနေတဲ့whitမှာသူ့hostရဲ့စကားကြောင့်ဒေါသတွေထွက်လာပြီး
"hostကျွန်တော်ကhostထက်အသက်ပိုကြီးတယ်ဗျ"
whiteမှာသူ့hostရဲ့မယုံသင်္ကာအကြည့်တွေကြောင့်သွေးအန်မလိုပင်
"ကျွန်တော်အသက်က၁၃၅နှစ်ကြည့်ပြီဗျ"

System WhiteWhere stories live. Discover now