Arc 2.10

1.6K 149 8
                                    

Unicode

ဇာတ်လိုက်မချန်မိန်ချင်းမှာအခြွေအရံတွေနဲ့အတူနန်းတော်ကိုရောက်လာတာကိုပိုင်လင်မြင်လိုက်သည်၊ချန်မိန်ချင်းကလည်းပိုင်လင်ရှိနေတာတွေ့လိုက်ပြီးသူရှိတဲ့ဘက်ကိုရောက်ချလာသည်

ပိုင်လင်လည်းဇာတ်လိုက်မဆီသွားပြီးအရိုအသေပေးလိုက်သည်၊သူထွက်သွားဖို့ပြင်နေတုန်းမှာဇာတ်လိုက်မက
"အတင့်ရဲလိုက်တာနင့်ကိုငါကထွက်သွားလို့ရပြီလို့ပြောလိုက်လို့လား"
ပိုင်လင်လည်းဇာတ်လိုက်မရဲ့ရန်လိုနေသောပုံစံကိုကြည့်လိုက်ပြီးခေါင်းကိုငုံလိုက်ကာ
"တောင်းပန်ပါတယ်ကျွန်တော်မျိုးကထိုက်ဇီအခေါ်လွှတ်ထားလို့အလျင်လိုသွားတာပါ"
"ဘယ်လို ထိုက်ဇီကနင့်ကိုအခေါ်လွှတ်တာကဘာကြောင့်လဲ"
"ဒါက ကျွန်တော်မျိုးကအခုကနေစပြီးထိုက်ဇီရဲ့ကိုယ်ရံတော်အဖြစ်ခန့်အပ်ထားလို့ပါ"
"ဘာ နင့်လိုဘယ်ကနေလာမှန်းမသိတဲ့လူကိုထိုက်ဇီရဲ့ကိုယ်ရံတော်ဖြစ်ချင်နေတယ်ပေါ့၊ထိုက်ဇီကိုကယ်ခဲ့တာကိုနင်ကအခွင့်အရေးယူပြီးထိုက်ဇီနားမှာနေဖို့ကြံနေတယ်ပေါ့"
ချန်မိန်ချင်းမှာဒီလိုဘာမှမဟုတ်တဲ့ကောင်ကသူ့လူနားမှာနေဖို့အဆင့်မရှိချေ
"လာစမ်းဒီကောင့်ကိုချုပ်ထားလိုက်စမ်း နင်ကဒီနန်းတော်မှာနေဖို့ကြံရွယ်ထားမှာတော့ဒီနန်းတော်ရဲ့စည်းကမ်းတွေကိုဒီမင်းသမီးကသင်ပြပေးရတာပေါ့"

ပိုင်လင်မှာနန်းတော့အစောင့်တွေရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်၊သူပြန်လည်ခုခံဖို့ကြိုးစားလိုက်ပေမဲ့whiteရဲ့သတိပေးချက်ကိုကြားလိုက်သည်
[hostဇာတ်လိုက်ဒီဘက်ကိုလာနေပြီ]
ပိုင်လင်လည်းမဲ့ပြုံးပြုံးလိုက်ပြီးပြန်ခုခံဖို့မကြိုးစားတော့ဘဲငြိမ်ဘဲနေလိုက်သည်
"ကျွန်တော်မျိုးဘာအမှားလုပ်မိလို့ဒီလိုလုပ်ရတာလဲ"
ချန်မိန်ချင်ကမဲ့ပြုံးပြုံးလိုက်ပြီးအစေခံတွေယူလာပေးတဲ့ကြာပွတ်ကိုကိုင်လိုက်သည်
"အမှား ဟုတ်လား ဒီလောကမှာဘာကအမှားဆိုတာနင်ကသိချင်နေတာလား၊ဒီမင်းသမီးကပြောပြပေးရတာပေါ့ လောကမှာအားနည်းတဲ့သူကအမြဲတမ်းအမှားပဲ၊အားကြီးသူကသာအရာအားလုံးကိုမှန်တဲ့သူပဲ"
ချန်မိန်ချင်းဟာလပ်ကိုမြှောက်လိုက်ပြီးကြာပွတ်နဲ့ရိုက်လိုက်ပေမဲ့သူ့ကြာပွတ်ကိုတစ်စုံတစ်ယောက်ကအားနဲ့လှမ်းဆွဲလိုက်တာကြောင့်ဟန်ချက်ပျက်သွားပြီးသူမခန္ဓာကိုယ်မြေပြင်ပေါ်သို့ကျသွားသည်၊

System WhiteWhere stories live. Discover now