Arc 1.2

4.3K 340 3
                                    

Unicode

*မြူခိုးကိုလရောင်လို့ပဲသုံးတော့မယ်နော်*

လရောင်မွေ့ယာပေါ်ကထလိုက်ပြီးရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်လိုက်သည်၊ရေချိုးခန်းထဲမှန်မှာမြင်လိုက်ရတဲ့မျက်နှာကြောင့်လရောင်ခနငေးမိသွားသည်၊အသားရေမှာနှင်းလေးလိုဖြူနေသည်၊မျက်ခုံးမှာလည်းမထူမပါးကြည့်ကောင်းသည်၊နှာတံလေးမှာလည်းချွန်ချွန်လေးနဲ့နှာခမ်းမှာလည်းရဲရဲဆိုလေးနဲ့ပြေးနမ်းချင်စရာကောင်းနေသည်၊ဆံပင်အရောင်ကလည်းဖြူပြာအရောင်နဲ့အရမ်းလိုက်ဖက်သည်၊လရောင်သူ့မျက်နှာကြည့်ပြီးငိုချင်လာသည်၊ဒီမျက်နှာမှာနှိပ်ဆက်ချင်စရာကောင်းနေသည်၊ကိုယ်လက်သန့်စင်ပြီးရေချိုးခန်းထဲမှထွက်လာပြီးချိတ်နဲ့ချိတ်ထားတဲ့မီးခိုးရောင်တီရှပ်လေးနဲ့အပြာရောင်ဘောင်းဘီလေးဝတ်လိုက်သည်၊mission မှာသူ့အဖေ့အိမ်ကနေထွက်ပီးလွှတ်လွှတ်လပ်လပ်နေဖို့၊အဖိုးကိုစိတ်ချမ်းသာအောင်ထားဖို့၊သူ့အ‌ဖေရဲ့မိသားစုကိုသူ့ခံစားရသလိုခံစားဖို့ဆိုတော့ဒီအိမ်ကနေထွက်သွားပြီးအဖိုးအိမ်မှာနေပြီးအဖိုးကိုစိတ်ချမ်းသာအောင်ထားလိုက်မယ်၊ဒါဆိုmissionနှစ်ခုပြီးသွားမယ်၊နောက်ကျမှကျန်တဲ့missionကိုလုပ်လိုက်မယ်

ငါလေးသိပ်တော်တာပဲ၊ခုတော့ယူစရာပစ္စည်းများများစားစားမရှိဘူး၊သူ့အမေ့ရဲ့ဒိုင်ယာရီစာအုပ်နဲ့အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းပဲရှိတယ်၊ကျောပိုးအိတ်လေးယူပြီးသူ့အမေနဲ့သူရိုက်ထားတဲ့ဓာတ်ပုံကိုထည့်လိုက်သည်၊စတိုခန်းထဲကသူ့အမေရဲ့ဒိုင်ယာရီနဲ့စတိုခန်းထဲကကြမ်းပြင်အောက်မှာသိမ်းထားတဲ့အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုအိတ်ထဲထည့်လိုက်သည်၊ဒီအချက်အလက်တွေကလည်း whiteကိုမနည်းတောင်းထားရတာ၊သကောင့်သားလေးမှာpointတောင်းနေသေးတာ၊ကိုယ့်မှာလည်းပေးစရာpointမရှိဘူးပြောတော့ချေးလို့ရတယ်တဲ့၊ပြန်ဆပ်ရင်10pointsပိုပေးရမယ်တဲ့လေ၊ချစ်တီးနဲ့လာတွေ့နေတယ်၊ပထမကမ္ဘာမို့မတောင်းပါနဲ့အလကားပေးပါလို့မနည်းပြောလိုက်ရသည်၊ဒီချစ်တီီးနဲ့တော့နောက်ကမ္ဘာတွေကျရက်သူ့မှာရှိသူpointလေးတွေတော့မတွေးရဲစရာပဲ၊သက်ပြင်းချပြီးစာမင်းစားခန်းထဲသွားလိုက်တော့အသက်၄၈နှစ်အရွယ်သန့်သန့်ပြန်ပြန့်ဦးလေးကြီးတယောက်နဲ့အသက်၃၅နှစ်အရွယ်ခပ်လန်းလန်းနဲ့ကြည့်ကောင်းတဲ့အန်တီအရွယ်နဲ့သူ့ဘေးမှာကောင်လေးငယ်ငယ်ချောချောလေးကိုတွေ့လိုက်သည်၊လရောင်ရဲ့မှတ်ဥာဏ်အရဇာတ်လိုက်မရဲ့မိသားစုတွေဆိုတာသိလိုက်သည်၊သူတို့ဆီသွားလိုပ်ပြီးမြတ်သုတရဲ့ဘေးခုံဆီဝင်ထိုင်လိုက်တော့ဦးမင်ကျော်တို့သုံးယောက်ကအံ့သြတဲ့မျက်လုံးတွေနဲ့စိုက်နေကြတယ်၊အံ့သြမှာပေါ့အရင်တုန်းကဆိုရင်လရောင်ကဒီလိုထမင်းစားပွဲမှာဝင်မထိုင်ခိုင်းဘူး၊အလုပ်သမားတွေစားတဲ့မီးဖိုချောင်မှာပဲစားရတယ်

System WhiteWhere stories live. Discover now