Arc 3.8

1.3K 110 15
                                    

Unicode

Mrs.Johnမှာသားငယ်ကိုလုံးဝမချစ်ပေ၊ဘာလို့လဲဆိုတော့သူအရမ်းမုန်းတဲ့သူ့အကိုနဲ့တူနေလို့ပင်၊သူငယ်ငယ်လေးကတည်းကသူ့အကိုကသူ့ထက်အဆပေါင်းများစွာကိုသာတာကိုမုန်းသည်၊ယောကျာ်းတန်မဲ့မူယာများလွန်းပြီးသူချစ်ရတဲ့လုယူခဲ့တဲ့သူ့အကို ကိုမုန်းသည်

ဒါကြောင့်သူမုန်းခဲ့တဲ့လူကိုပျောက်ကွယ်သွားအောင်လုပ်ခဲ့တယ်၊အဲ့ဒီလူအပါအဝင်၊ဒါပေမဲ့ဘာကြောင့်သူမုန်းခဲ့တဲ့သူလိုမျိုးတစ်ထေရာထဲ့တူတဲ့လူကပြန်ပေါ်လာရတာလဲ
၊ဒါဆိုအဲ့လူကရောပြန်ပေါ်လာအုန်းမှာလား၊ငါ့အချစ်ကိုအကြိမ်ကြိမ်စော်ကားခဲ့တဲ့အဲ့လူ၊ငါ့ရဲ့တန်ဖိုးကိုမမြင်နိုင်တဲ့အဲ့လူပြန်ပေါ်လာအုန်းမှာလား

အရင်ကအကိုဆိုတဲ့လူကြောင့်သူ့ကိုဆုံးရှုံးခဲ့ရတယ်၊တကယ်လို့သူပြန်ပေါ်လာရင်ငါ့ကိုမရွေးခဲ့တဲ့အတွက်နောင်တရအောင်လုပ်ပြမယ်

Mrs.Johnမှာအတွေးလွန်နေတုန်းသူ့သားငယ်ရဲ့အသံကိုကြားလိုက်ရသည်
"အေမ ကျွန်တော်အတွက်ချက်ထားတာသေချာလား"
Mrs.Johnမှာသူ့သားရဲ့အပြုံးကိုကိုကြည့်ပြီးသူ့ရင်ထဲမှာအမုန်းတရားများတိုးပွားလာတော့သည်၊သူ့အမုန်းဆုံးမျက်နှာကိုစိုက်ကြည့်လိုက်ပြီးပြုံးလိုက်သည်
"ဒါပေါ့သားရယ် သားလာမယ်လို့ကြားကတည်းကအမေကိုယ်တိုင်မီးဖိုချောင်ထဲဝင်ပြီးချက်ပြုတ်နေတာသားစားဖို့အတွက်လေ"
လရောင်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်
"ဒီဟင်းတွေကသားအကြိုက်ဟင်းတွေဆိုတာသေချာရဲ့လား"
Mrs.Johnမှာသားငယ်ကိုဘယ်တုန်းကမှဂရုတစိုက်မရှ်ိခဲ့ဖူးတာကြောင့်သူ့သားငယ်ရဲ့မေးခွန်းကသူ့ကိုစဉ်းစားရကြပ်စေသည်၊
"ဟားးးဟားးဘယ်လောက်တောင်တိုက်ဆိုက်လိုက်လဲအမေကျွန်တော့်ကိုထည့်ပေးတဲ့ပုဇွန်ကကျွန်တော်စားလို့မရဘူးဆိုတာတကယ်မသိတာလား-"
Lucasရဲ့စကားကြောင့်တစ်ခန်းလုံးတိတ်ဆိတ်သွားကြသည်၊အားလုံးရဲ့မျက်နှာမှာအံ့သြထိတ်လန့်မှုတွေကနေ ရာယူထားကြသည်

Mrs.JohnမြာLucasပုဇွန်မတည့်မှန်းမသိပေ၊ဒီဟင်းတွေအားလုံးကသူ့သာNoahအကြိုက်၊သူ့ယောကျာ်းအကြိုက်နဲ့သူ့အကြိုက်တွေချည်းပင်

System WhiteWhere stories live. Discover now