Arc 3.10

1K 78 3
                                    

Unicode

Lucasကသူ့အမေဆိုသူရဲ့မျက်နှာကိုတည့်တည့်ကြည့်ကာနား အနားသို့ကပ်ပြီး
"လက်ဆောင်ကို‌ေကျနပ်မှုရှိရဲ့လား Mrs.John"
Noahမှာအံ့သြထိတ်လန့်သောအကြည့်ဖြင့်Lucasကိုကြည့်နေမိသည်။သူငယ်ငယ်ကတည်းကသူဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးပြည့်ခဲ့သည်။သူဘာကိုပဲလိုချင်လိုချင်အဲ့အရာကိုပိုင်ဆိုင်ရသည်ည်။လူတွေရဲ့အာရုံစိုက်မှု၊ချစ်ခြင်းမေတ္တာအားလုံးကိုပိုင်ဆိုင်ခဲ့သည်၊

မိုးကောင်းကင်မှာသူ့ဘက်ရှိပြီးအရာအားလုံးသူ့စိတ်ကြိုက်ခြယ်လှယ်နိုင်မည်ဟုယံုကြည်ခဲ့သည်၊ဖြစ်လည်းဖြစ်ခဲ့သည်၊ဒါပေမဲ့ဘာလို့ဒီလိုအဆုံးသတ်သွားရတာလဲသူ့လိုချင်တဲ့အဆုံးသတ်မဟုတ်ပေ

Noahမှာတုန်တုန်ယင်ယင်နဲ့Lucasကိုလက်ညို့ထိုးလိုက်ပြီး
"နင်ဘာလို့တစ်ကိုယ်ကောင်းဆန်ရတာလဲ၊အဖေနဲ့အမေကိုဘာလို့ဒီလောက်ရက်စက်နိုင်ရတာလဲ သူတို့ကမင်းအပေါ်မကောင်းရင်တောင်မင်းမိဘဆိုတဲ့အချက်ကမပြောင်းလဲဘူး။မင်းသူတို့ကိုမုန်းရင်တောင်ဒီလိုအရှက်မခွဲသင့်ဘူး၊မင်းကယုတ်ညံ့တဲ့လူပဲ ဘယ်လိုလုပ်ကိုယ့်မိဘကိုဒီလိုလုပ်ရက်ရတာလဲ။မင်းငါ့ကိုမကျေနပ်ရင်ငါ့ကိုကြိုက်သလိုလုပ်လို့ရပါတယ်၊ဘာလို့အဖေနဲ့အမေကိုပါဒုက္ခပေးရတာလဲ"
သတင်းထောက်သမားများကNoahရဲ့စကားများကိုကြားပြီးNoahကိုလေးစားသည့်အကြည့်များဖြင့်မကြည့်ပဲမနေနိုင်ကြပေ။ဒီလိုမိဘပေါ်သိတတ်တဲ့ကလေးကိုဘယ်သူကမချစ်ဘဲနေနိုင်မည်နည်း
MrmJohnတို့လင်မယားနှစ်ယောက်လည်းရင်ထဲခံစားသွားရသည်။Lucasကိုမုန်းတီးစွာကြည့်ရင်းသူကိုသတ်ပစ်ချင်စိတ်ပင်ပေါက်သွားသည်
Lucasကပြုံးလျက်ပင်သူတို့ပြဇာတ်ကိုစိတ်ဝင်တစားကြည့်နေသည်
"အဲ့ဒါဆိုငါကကိုယ်မလုပ်ခဲ့တဲ့အမှားအတွက်ဝန်ခံရမှာလား"
Noahမှာထိတ်လန့်သွားပြီးဘာပြောရမှန်းမသိပေ
"ဒါပေမဲ့သူတို့ကမင်းမိဘတွေလေ"
"အဲ့တော့သူတို့ဘာခိုင်းခိုင်းလုပ်ရမှာပေါ့ "
"သူတို့ကမင်းမွေးထုတ်ပေးလာတာလေသူတို့မရှိရင်မင်းဆိုတာမဖြစ်တည်လာဘူး"
Lucasရဲ့အပြုံးကဆက်လက်တည်ရှိနေဆဲပင်
"ငါကသူတို့ရဲ့‌ချစ်ခြင်းကြောင့်မွေးဖွားလာခဲ့တာမဟုတ်ဘူး။သူတိုရဲ့ခနတာသာယာမူကြောင့်ဖြစ်တည်လာတာ။တစ်ခါမှလည်းသူတို့ဆီကမေတ္တာကိုမရဖူးဘူး။Noahမင်းကမိဘရဲ့မေတ္တာကိုအမြဲတမ်းရခဲ့တာမို့‌မိဘတွေရဲ့လျစ်လျူရှုမူကဘယ်လောက်ခါးသီးလဲဆိုတာမင်းသိမှာမဟုတ်ဘူး။အစကသူတို့ရဲ့မိဘမေတ္တာကိုမျှော်လင့်ခဲ့ဖူးတယ်။မျှော်လင့်ချင်ကြီးလေပိုခံစားရလေပဲ။နောက်တော့ငါ့နှလုံးသားကနာကျင်မှုကိုတောင်မခံစားရတော့ဘူး။ထုံသွားတာကြောင့်"
Mr.johnမှာLucasရဲ့စကားတွေကြောင့်နောင်တရလာသည်။သူကဘယ်တုန်းကမှသားငယ်ကိုဂရုမစိုက်ဖူးမှန်းအမှတ်ရလာသည်။သူကဖခင်တာဝန်မကျေပွန်ခဲ့ပေ။သူ့ရင်ထဲအပြစ်ရှိသလိုခံစားရသည်

System WhiteWhere stories live. Discover now