Arc 1.11

3K 261 16
                                    

Unicode
"ကောင်လေးဘာလို့ဒီလောက်ကြည့်ကောင်းနေတာလဲ ပွဲထဲတောင်မလွှတ်ချင်တော့ဘူးကွာ"

သူ့ကိုရင်ခွင်ထဲထည့်ထားတဲ့လူကြီးကိုကြည့်ပြီး င်ခုန်သံတွေမြန်လာတယ်၊ဒါကအတုအယောင်ကမ္ဘာဆိုတာသိပေမဲ့ဒီကလူတွေကိုသူ့စိတ်ရင်းနဲ့ပဲဆက်ဆံခဲ့တယ်၊ဒီလူတွေနဲ့မခွဲချင်ဘူး၊သူ့အဖိုးနဲ့ဒီလူကြီးကသူ့အပေါ်အရမ်းကောင်းကြတယ်၊

တကယ့်ကမ္ဘာမှာနောင်မရဘူးတဲ့မေတ္တာတွေနဲ့ပေါ့

"ခင်ဗျားကြီးကဒီလိုစကားတွေနဲ့လာမချွေနဲ့ ကျွန်တော်ကြည့်ကောင်းတာကျွန်တော်သိတယ်"

"ဟုတ်ပါတယ် ကောင်လေးကကြည့်ကောင်းပါတယ်ဗျာ"

"ကျွန်တော်တို့ပွဲထဲဆင်းရအောင်လေဗျာ အဘိုးတို့စောင့်နေမယ်"

"ကောင်လေးကိုယ့်ကိုကတိပေးထားတာမှတ်မိသေးလား"

ကျွန်တော်မှတ်မိတာပေါ့ဗျာ၊ဒါပေမဲ့လူကြီးကိုတော့နည်းနည်းကလိရမယ်

"ဘာလဲဟင်"

မျက်လုံးလေးပေကလပ်နဲ့လုပ်ပြလိုက်တော့သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေတဲ့လူကြီးကြောင့်စိတ်ဆိုးနေမှန်းသိလိုက်တယ်၊

ခပ်ဟဟလေးရယ်ပြီးလူကြီးရဲ့မျက်နှာလေးကိုလက်နဲ့ကိုင်လိုက်ပြီး

"လူကြီးကျွန်တော်ကပေးပြီးသားကတိကိုမေ့စရာလား"

ပြောလိုက်တော့မျက်နှာဝင်းလာပြီး
"ဒါဆိုပြောတော့လေ ကိုယ့်ကိုချစ်လား"

"ကျွန်တော်လူကြီးကိုချစ်ပါတယ်လူကြီးကကျွန်တော်ရဲ့အချစ်ဆုံးလူပါ"

"တကယ် ကိုယ်အိမ်မက်မက်နေတာမဟုတ်ဘူးမလား"

"တကယ်ပေါ့ အိမ်မက်လို့ထင်လို့လား"

"ကျေူဇူးပါ ကိုယ့်ကိုချစ်ပေးလို့၊ကျေးဇူးပါကိုယ့်ဘဝထဲဝင်လာပေးလို့ ကောင်လေးကိုယ်ကတိပေးတယ်ဘယ်တော့မှကောင်လေးကိုစိတ်မပျက်စေရဘူးလို့"

သူ့ကိုလေးလေးနက်နက်ကြည့်ပြီးကတိပေးလာတဲ့လူကြီးကြောင့်သူကိုယ်တိုင်မသိဘဲဂုဏ်ရောင်နဖူးလေးကိုနမ်းမိတယ်၊သူသတိဝင်လာတဲ့အချိန်မှာပထမဆုံးထွက်ပြေးမိတာပင်

System WhiteWhere stories live. Discover now