Arc 2.8

1.8K 176 8
                                    

Unicode

နောက်တစ်နေ့မနက်စောစောမှာပဲထန်ရိမင်တို့ရှိတဲ့နန်တော်သို့ရောက်လာကြသည်၊ပိုင်လင်နန်းတော်ပေါက်ဝကိုရောက်တဲ့အခါထန်ရိမင်ကို
အံ့သြနေတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြပြီးသရုပ်ဆောင်လိုက်သည်၊

ထန်ရိမင်ကလည်းဖြစ်ကြောင်းကုန်စင်ကိုပြန်ရှင်းပြလိုက်တော့ပိုင်လင်လည်းနားလည်တဲ့မျက်ဝန်းတွေနဲ့ထန်ရိမင်ပြောတာကိုနားထောင်နေလိုက်သည်၊စိတ်ထဲမှာလည်းသူ့သရုပ်ဆောင်စကေးတွေကိုကြွားဖို့လည်းမမေ့ပေ၊

whiteမှာတော့သူ့hostရဲ့ချာတူးလန်သရုပ်ဆောင်စကေးတွေကြောင့်ခေါင်းတောင်မဖော်ဝံ့တော့ပေ၊စိတ်ထဲမှာလည်း'နောက်တစ်ခါhostရွေးရင်သရုပ်ဆောင်ကောင်းတဲ့လူကိုပဲပိုပြီးစဥ်းစားပေးတော့မယ်'လို့သန္ဒိဓာန်ကျထားလိုက်သည်

ပိုင်လင်ကတော့ထန်ရိမင်သူ့အတွက်ရွေးပေးထားတဲ့အခန်းထဲနားနေလိုက်သည်၊သူ့ဘေးနားမှာတော့ထန်ရိမင်သူ့အတွက်ဆိုပြီးထားထားတဲ့အစေခံရှောင်ပိုင်နဲ့ပေါ့၊

နာမည်ကသာရှောင်ပိုင်ဆိုပေမဲ့လူကတော့ထွားထွားကြိုင်အသားညိုညိုနဲ့သူ့ကိုကြည့်မိတဲ့သူတိုင်းပထမဆုံးခံစားရသသည်မှာသူ့‌နားမှဝေးဝေးရှောင်သွားရမှာဟူ၍ပင်၊ဘာဖြစ်လို့လဲဆိုတော့ရှောင်ပိုင်မျက်နှာပေါ်မှာ သူ့ကိုလာမနှောက်နဲ့ ဟုပြောထားသလိုမျက်နှာထားကြောင့်ပါ၊ထန်ရိမင်ကသူ့ကိုအစေခံခေါ်ထားပေးသလားကိုယ်ရံတော်ခေါ်ထားပေးသလားမသဲကွဲတော့ပေ

ပိုင်လင်လည်းအိပ်ယာပေါ်ကထလာပြီးရှောင်ပိုင်ကိုခေါ်လိုက်သည်၊
"ရှောင်ပိုင် ငါဗိုက်ဆာလာလို့အစားစာစီဆင်ပေးလို့ရမလား"
"သခင်လေး ထိုက်ဇီကသူပြန်လာရင်အတူစားဖို့မှာထားပါတယ်ခနလောက်စောင့်ပေးပါ"
#ထိုက်ဇီဆိုတာအိမ်ရှေ့စံကိုပြောတာပါ#

ပိုင်လင်လည်းထန်ရိမင်ပြန်လာမှာကိုပဲစောင့်နေလိုက်သည်၊ပိုင်လင်လည်းနန်းတော်ထဲလှည့်အတ်ကြည့်ချင်ပေမဲ့ပြသနာဖြစ်လာမှာကြောင့်အခန်းထဲပဲနေဖို့ဆုံးဖြတ်လာသည်၊

သူ့ကံကိုသူသညအသိဆုံးပင်၊သူဘယ်နေရာသွားသွားပြသနာကသူ့နောက်လိုက်လာမှာကိုသူသိသည်၊နန်းတော်ရောက်ရောက်ချင်းသူ့လူကြီးကိုသူ့ကြောင့်ပြသနာဖြစ်မှာကိုမလိုချင်ပေ၊

System WhiteWhere stories live. Discover now