Arc 4.2

422 39 3
                                    

ကျန်းကျွင်းဟန်ဟာတုန်လှုပ်သွားသည်။ဒါဟာသူသိခဲ့တဲ့ဖခင်မဟုတ်ပေ၊သူ့ဖခင်မှာသူ့အပေါ်အရမ်းချစ်မြတ်နိုးပြီးဘယ်သူ့ကိုမှထိခိုက်နာကျင်အောင်မလုပ်ခဲ့ပေ၊သူတို့လိမ်နေတာပင်

"မင်းငါ့ကိုလိမ်နေတာ ငါ့ဖခင်ကဘယ်တော့မှဒီလိုအလုပ်မျိုးလုပ်မှာမဟုတ်ဘူး"
ဝမ်ရိရှင်းမှာသူ့လူကြီးကိုနာကျင်အောင်မလုပ်ချင်သော်လည်းမူလပိုင်ရှင်ရဲ့အမုန်းတရားတွေကထိန်းလို့မရနိုင်ပေ
"မင်းငယ်ငယ်ကတည်းကမြင်ခဲ့တဲ့သာယာနေတဲ့ပတ်ဝန်းကျင်တွေ၊ပြည့်စုံချမ်းသာနေတဲ့ပြည်သူ‌တွေ၊ဂုဏ်သိက္ခာပြည့်စုံပြီးတာဝန်ကျေပွန်လှတဲ့မှူးမတ်ကောင်းဆိုတဲ့အရာတွေက မင်းအဖေဖန်တီးထားတဲ့အတုယောင်တစ်ခုသာသာပဲ တကယ်လက်တွေ့ကဘာလဲဆိုတာ ကျန်း မင်းကိုပြမယ်"
ဝမ်ရိရှင်း ဟာစစ်သည်တော်တွေခေါ်ကာ ကျန်းကျွင်းဟန်ကိုချုပ်နှောင်စေပြီးဝေါယာဉ်နဲ့တိုင်းခန်းလှည့်လည်ဖို့ပြင်လိုက်သည်။သူ့လူကြီးမသိသေးတဲ့ဒီတိုင်းပြည်ရဲ့တခြားအခြမ်းကိုပြဖို့ပင်၊ဒီတိုင်းပြည်ကတကယ့်ကိုယိုယွင်းနေလေသည်။စားစရာမရှိတဲ့ပြည်သူ‌တွေ၊နေမကောင်းလည်းဆေးဖိုးမတန်နိုင်လို့အသက်ဆုံးရှုံးသွားတဲ့အသက်တွေ။နေရာတိုင်းမှာမီးခိုးတလူလူနဲ့လူသေတွေကိုမီးရှို့နေတဲ့ပုံရိပ်တွေပင်

ကျန်းကျွင်းဟန်မှာသူ့မျက်စိရှေ့ကအရာတွေကိုတုန်လှုပ်စွာကြည့်နေမိသည်။သူဒီလိုအရာတွေကိုမမြင်ဖူးခဲ့ပေဖ။သူ့ဘဝမှာအရာအားလုံးကသာသာယာယာဖြတ်သန်းခဲ့ရသည်၊သူ့ဒီလိုအရာတွေကတိုင်းပြည်မှာဖြစ်ပျက်နေမှန်းမသိခဲ့ပေ။တကယ်လို့ဖြစ်နေခဲ့ရင်တောင်ဒီတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ဘုရင်ကြောင့်ပင်

နန်းတော်ကိုပြန်ရောက်တဲ့အချိန်မှာဝမ်ရိရှင်းကကျန်းကျွင်းဟန်ကို‌သူ့နန်းဆောင်ထဲသို့ခေါ်လာခဲ့သည်။
"မင်းခုရောဘယ်လိုထင်လဲ"
"မင်းကဒီတိုင်းပြည်ရဲ့ဘုရင်ပဲ ပြည်သူတွေငတ်မွတ်တာ တိုင်းပြည်ဖရိုဖရဲဖြစ်တာ ငါ့အဖေနဲ့ဘာဆိုင်လို့လဲ"
ဝမ်းရိရှင်းကကျန်းကျွင်းဟန်းရဲ့‌မျက်နှာကိုမော့စေကာမျက်လုံးချင်းကြည့်စေကာ
"မင်းအဖေနဲ့မဆိုင်ဘူးလို့‌ေပြာဖို့  ကိုယ့်ကိုယ်ကိုယံုကြည်ချက်ရှိတယ်တယ်ပေါ့"
ကျန်းကျွင်းဟန်မှာပြန်ပြောရန်တွန့်ဆုတ်မိသည်။သူကလူပေါ့ကြော့သခင်လေးဆိုပေမဲ့ မတုံးအသေးပါ၊
သက်သေ‌တွေအရဆို သူ့ဖခင်ဟာတိုင်းပြည်ကိုလက်ဝါးကြီးအုပ်ခဲ့ပြီးပြည်သူတွေကိုမတရားဆက်ဆံခဲ့ကြောင်းပေါ်လွင်လှသည်။သူဝန်မခံချင်ရုံသာ

System WhiteWhere stories live. Discover now