Arc 1.1(လရောင်)

5.1K 347 5
                                    

Unicode

မြူခိုးသတိရလာတော့တကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေသည်၊ဝမ်းဗိုက်မှာလည်းအထိုးခံရထားသလိုနာကျင်နေသည်၊မြူခိုးအရမ်းဒေါသထွက်လာသည်ပို့ပို့ချင်းသေမလိုဖြစ်နေတဲ့ခန္ဓာကိုယ်ကိုပို့ပေးလိုက်တဲ့ချစ်လှစွာသော white ကိုကိုင်ပေါက်ဖြစ်လိုက်ချင်သညိ -ီးလိုပဲဒီခန္ဓာကိုယ်ကသောက်ရမ်းတွေနာနေသည်၊ခုထိထွက်မလာသေးတဲ့whiteကိုခေါ်လိုက်သည်
"whieရေခုထိထွက်မလာသေးဘူးလားမင်းရဲ့hostကဘယ်ကောင်တွေရိုက်ထားလို့သေမလိုဖြစ်နေတဲ့ခန္ဓာကိုယ်ထဲရောက်နေတာကိုမင်းကဘယ်နားရောက်နေလို့ထွက်မလာသေးတာလဲ"
ပြုံးရင်းပြောလာတဲ့hostကိုကြည့်ရင်whiteလေးခဗျာကြောက်လို့တုန်ရီနေသည်၊ဒါသူ့အမှားမှမဟုတ်ဘဲရောက်ရောက်ချင်းအရိုက်ခံထားရတဲ့ကိုယ်ထဲရောက်တာသူ့အမှားမဟုတ်ပါဘူးနော်၊ပြီးတော့hostကိုဇာတ်ကြောင်းပို့မယ်လို့ပြောမယ်ကြံသေးတယ်သူ့ကိုကိုင်ပေါက်မလို့ကြံနေတဲ့hostရဲ့အတွေးကိုကြားလို့ငြိမ်နေမိတာပါ၊ဒီသနားစရာကောင်းတဲ့whiteကိုဘယ်သူမှမကယ်တော့ဘူးလား
[hostရေဒီချိန်ပို့လိုက်တာwhiteရဲ့အမှားမဟုတ်ပါဘူးနော်hostအတိုက်အခိုက်သင်တာနည်းနည်းကြာသွားလို့ပါဒီလိုချိန်ရောက်လာတာပါ]
"မင်းပြောတော့ငါအတိုက်အခိုက်သင်တာမြန်တယ်ဆို"
[အဲ့ဒါက..စီနီယာsystemတွေကသင်ပေးထားလို့ပါကိုယ့်hostကိုဖားထားရမယ်လို့ဒါမှpointများများတောင်းလို့ရမှာတဲ့ ]
မရှိသွားဖြဲ ဖြဲပြနေတဲ့whiteကိုရိုက်ပစ်စိတ်တဖွားဖွား
"ဒါဆို ငါဒီထက်ပိုနောက်ကျရင်အခေါင်းထဲပြန်ထွက်လာရမလား"
[hostစိတ်မပူပါနဲ့ hostအခေါင်းထဲရောက်နေရင်whiteကအခေါင်းပြန်ဖော်ပေးမှာပါ]
တကယ်ကိုတော်တော်လေးသွေးတက်နိုင်အောင်ပြောနိုင်တဲ့whiteကိုချီးကျုးမိပါရဲ့
ကိုယ်ပဲထွက်နေတဲ့ဒေါသလျှော့လိုက်တော့မယ်၊

"ထားလိုက်တော့..ဒီခန္ဓာကိုယ်ကိုဘယ်လိုလုပ်ရမလဲတော်တော်လေးနာနေတယ်"
တကယ်ကိုပင်ခန္ဓာကိုယ်ကနာနေသည်၊ဒီကိုယ်ကပျော့လို့လား၊အရိုက်ခံထားရလို့လားဒီလောက်နာနေတာ
[host ကျွန်တော်တို့systemကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမြင့်တင်ပေးပါတယ်pointပေးစရာမလိုပါဘူးwhiteတို့systemတွေရဲ့စေတနာပါ]
ရင်ကိုကော့ကာဂုဏ်ယူစွာပြောနေတဲ့whiteကကြောင်ပုံစံဖြစ်နေတော့ရယ်စရာဖြစ်နေတာသူ့ကိုယ်သူသတိမထားမိ
"ဒါဆိုလည်းမြင့်တင်လိုက်တော့"
ပြောပြီးနောက်ခန္ဓာကိုယ်ကနေလို့ထိုင်လို့ကောင်းပြီးနာကျင်မှုမရှိတော့၊စိတ်ကလည်းအေးချမ်းနေသည်၊ခုမှရောက်နေတဲ့နေရာကြည့်မိသည်၊အခန်းလေးကကျဥ်းကျဥ်းလေး၊အဝတ်အစားကိုလည်းတန်းပေါ်မှာချိတ်နဲ့ချိတ်ထားသည်၊အဝတ်အစားတွေကလည်း၄စုံပဲရှိသည်၊ကုတင်လည်းမရှိကြမ်းပြင်ပေါ်မှာမွေ့ယာခင်းထားသည်၊မွေ့ယာဘေးမှာလည်းစာအုပ်တွေရှိသည်၊ငါသူတောင်းစားကိုယ်ထဲရောက်နေတာတော့မဟုတ်ပါဘူးနော်၊
"whiteဇာတ်ကြောင်းပို့တော့"
[ဟုတ်ကဲ့ host]
ခေါင်းထဲ့တစ်ဆစ်ဆစ်က်ုက်ခဲလာပြီးခေါင်းထဲဝင်လားတဲ့ဇာတ်ကြောင်းတွေဖတ်လိုက်သည်

System WhiteWhere stories live. Discover now