Arc 3.5

1.5K 129 8
                                    

Unicode

Lucasလည်းဇာတ်လိုက်မတို့ဘယ်လိုကျန်နေခဲ့မလဲဆိုတာဂရုစိုက်မနေတော့၊သေချာတာကတော့ဇာတ်လိုက်မရဲ့ကြာပန်ဖြူပုံရိပ်ကတော့နည်းနည်းလောက်ထိခိုက်သွားမည်၊ဘယ်လောက်ကျေနပ်စရာကောင်းလိုက်လဲ
[ဇာတ်လိုက်မNoahရဲ့ကြာပန်းဖြူပုံရိပ်ထိခိုက်မှု
Point50]

Lucasရရှိလာတဲ့pointတွေအတွက်ကျေနပ်နေတော့သည်၊ဇာတ်လိုက်မကဒီလိုနေရာလေးတွေမှာတော့အကျိုးရှိသားပဲ၊

Lucasထောင့်ချိုးကွေ့နားရောက်တော့နံရံကြီးကိုဝင်တိုက်မိတာကြောင့်နှာခေါင်းတော်တော်လေးနာသွားသည်၊သူ့မော့ကြည့်လိုက်တော့နံရံကြီးမဟုတ်ဘဲလူတစ်ယောက်ဖြစ်နေသည်၊

သူဝင်တိုက်မိတာလည်းသူ့ရင်ဘက်ကိုပင်၊ရင်ဘက်ကလည်းကျောက်တုံးကျနေတာဘဲလို့မကျေမနပ်တွေးလိုက်မိသည်
အဲ့လူရဲ့မျက်ဝန်းမှာပင်လယ်ရောင်လိုပင်သေသေချာချာစိုက်ကြည့်လိုက်ရင်နက်ရှိုင်းပြီးငြို့ယူခံရမှာပင်၊နှုတ်ခမ်းမှာလည်းနီဆွေးနေပြီးမေးရိုးကလည်းလေးထောင့်ပုံစံနဲ့ကြည့်ကောင်းသည်၊
သူ့ရင်ထဲမှာရင်နှီးတဲ့ခံစားချက်တွေဝင်လာသည်၊သူ့လူကြီးလား
"ကိုယ့်နာမည်ကPedroပါ"
"Pedro?"
"အင်းPedroကောင်လေးနာမည်ကရော"

Lucasသူ့ရင်တွေတဒုန်းဒုန်းခုန်လာသည်၊ဘယ်လောက်ပဲသူ့လူကြီးနဲ့ချစ်ခဲ့ချစ်ခဲ့သူ့လူကြီးရဲ့ချစ်ရိပ်သန်းတဲ့မျက်ဝန်းတွေနဲ့ကြည့်ခံရရင်ဆယ်ကျော်သက်ကလေးလိုဖြစ်လာသည်၊ဒါသူ့လူကြီးပဲ၊Lucasသူ့လူကြီးကိုပြုံးကြည့်လိုက်ပြီး
"Lucasပါ ခင်ဗျားကိုအရင်ကတစ်ခါမှမမြင်ဖူးဘူး"
"ဟုတ်တယ်ကိုယ်ကျောင်းပြောင်းလာတာမမြင်ဖူးဘူး"
သူ့လူကြီးနဲ့ချစ်ကြည်နူးမလို့ကြံလိုက်ခါမှဗိုက်ထဲကအသံကြောင့်ပန်းရောင်ပူဖောင်းတွေကပေါက်သွားရတယ်၊Lucasရှက်လွန်းလို့ခေါင်းကိုမြေကြီးထဲရောက်တဲ့အထိငုံ့ထားမိသည်

Pedroကောင်လေးရဲ့ရှက်နေတဲ့ပုံစံလေးကြောင့်စိတ်ထဲယားကျိကျိဖြစ်လာမိသည်၊ကောင်လေးကခေါင်းကိုငုံ့ထားပေမဲ့သူ့ရဲ့ပန်းရောင်သန်းနေတဲ့နာရွက်လေးကြောင့်သူဘယ်လောက်ရှက်နေမှန်းမြင်နေရသည်
"ကောင်လေးကိုယ်ဗိုက်ဆာလာလို့စားသောက်ခန်းသွားမလို့ကိုယ်လမ်းမသိလို့လမ်းပြပေးလို့ရမလား၊"

System WhiteWhere stories live. Discover now