Arc 3.7

1.3K 117 16
                                    

Unicode

တစ်ညလုံးNoahမှာသူ့အခန်းထဲကမထွက်ဘဲငိုနေမိသည်၊အခုသူ့နာမည်ပျက်ကုန်ပြီ၊ကျောင်းကဒီအကြောင်းသိရင်နောက်ဆက်တွဲဖြစ်ရပ်ကိုသူမတွေးရဲပေ၊ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်ရတာလဲ၊
ငါကလူတွေအားလုံးရဲ့လေးစားအားကျတာကိုခံရမှာ၊ခုဘာလို့ဒီလိုဖြစ်ကုန်တာလဲ၊သူဒီလိုကံကြမ္မာကိုလက်မခံနိုင်ဘူး၊
Noahနှုတ်ခမ်းကိုက်လွန်းလို့သွေးထွက်လာပေမဲ့သူဂရုမစိုက်နိုင်ပေ၊ခန္ဓာကိုယ်ကနာကျင်မှုကစိတ်ထဲကနာကျင်မှုကိုမမှီပေ၊

Mrs.Johnမှာသူ့သားလေးကိုစိတ်ပူနေသည်၊ရဲစခန်းကပြန်လာကတည်းကသူ့သားလေးမှာအခန်းထဲဝင်သွားပြီးခုထက်ထိပြန်မထွက်လာသေးတာကြောင့်စိတ်တွေပူပင်နေရတယ်၊Mrs.Johnမှာအားကိုးတကြီးသူ့ယောကျာ်းရဲ့လက်ကိုကိုင်လိုက်ပြီး

"အကိုရေတစ်ခုခုစီစဥ်ပေးပါအုန်းမဟုတ်ရင်ကျွန်မတို့သာလေးကိုယ့်ကိုယ်ကိုသတ်သေသွားရင်ဘယ်နှယ်လုပ်မလဲဟင့်... ဟင့်"

Mr.Johnမှာသူ့ဇနီးရဲ့မျက်ရည်တွေကြောင်စိတ်တွေပျော့သွားရသည်၊သူလဲသူ့သားလေးကိုစိတ်ပူနေပါတယ်၊ဒါပေမဲ့အားလုံးကဘူးပေါ်သလိုပေါ်သွားတော့ဘယ်လိုပြန်ဖုံးရမလဲဖြစ်နေသည်
"ခုသက်သေတွေနဲ့လေဘယ်လိုလုပ်ပြန်ဖြေရှင်းလို့ရမလဲ ခုကိုယ်တို့ကုမ္ပဏီမှာလဲပြသနာတွေကြီးဆက်တိုက်ဖြစ်နေတာမင်းသားကိစ္စကြောင့်ကုမ္ပဏီဘယ်လောက်ထိခိုက်သွားလဲမင်းသိလား"
Mrs.Johnမှာသူ့ယောကျာ်းပြောတဲ့စကားကြောင့်တုန်လှုပ်သွားသည်
"ဒါပေမဲ့ယောကျာ်းရယ်ဒါတွေအားလုံးNoahအပြစ်မှမဟုတ်တာ၊သူကငယ်ကတည်းကဘယ်လောက်သိတတ်ခဲ့လဲဆိုတာယောကျာ်းအသိပဲ၊ဟိုကောင်စုတ်Lucasလိုလဲမဟုတ်ဘူးလေ၊သူ့ကိုဒီတစ်ခါတော့ခွင့်ခွှတ်ပေးလိုက်ပါ၊ပြီးတော့Noahသိက္ခာပြန်အဖက်ဆည်နိုင်အောင်လုပ်လို့ရမယ်နည်းတစ်ခုရှိတယ်"
Mr.Johnမှာမျက်လုံးအရောင်လက်သွာသည်၊
"ဘာနည်းလမ်းလဲ"
"Lucasကိုခေါင်းခံခိုင်းလိုက်မယ်လေ၊ဒါကသူ့အကိုလေသူ့ပေါ်မှာလဲတာဝန်ရှိတယ်လေ၊သူ့အကိုခုလိုဖြစ်နေတာညီလေးတစ်ယောက်အနေနဲ့တာဝန်ယူသင့်တယ်လေ၊Noahကငယ်ငယ်လေးကတည်းကသူ့အပေါ်အရမ်းကောင်းခဲ့တာသူ့ဒီလောက်တော့ကျေးဇူးဆပ်သင့်တယ်မလား"
Mr.Johnမှာသူ့မိန်းမပြောသည်မှာအကျိုးအကြောင်းသင့်တယ်လို့ခံစားရတယ်၊ဒါပေမဲ့သူ့သားLucasပေါ်အပြစ်ရှိသလိုနည်းနည်းခံစားရပြီးတုံ့ဆိုင်းနေမိသည်
Noahမှာအခန်းပြင်ကနေသူ့အမေတို့တိုင်ပင်နေသည်ကိုကြားရပြီးသူ့အဖေ့ရဲ့တုံဆိုင်းနေသောအသံကြောင့်အလျင်အမြန်အိပ်ယာပေါ်ကဆင်းပြီးအခန်းပြင်သို့ပြေးထွက်လာလိုက်သည်၊
Niahမှာမျက်ရည်ရွဲသားနဲ့သူ့အဖေကိုကြည့်ကာ
"အဖေသားမှားသွားပါတယ်၊သားကြောင့်အဖေခုလိုတွေခံစားနေရတာ၊ခုဆိုကျောင်းကလူတိုင်းကသားကိုကဲ့ရဲ့အထင်သေးနေကြတော့မှာ၊ဒီလိုပုံစံနဲ့သားဆက်အသက်မရှင်ချင်တော့ဘူး၊သားသေသွားရင်ဖေလည်းခုလိုစိတ်မကောင်းဖြစ်စရာမလိုတော့ဘူး"
Mr.Johnမှာသူ့စကားကြောင့်ရင်ထဲခံစားသွားရသည်
"သားဘာမှလျှောက်မတွေးနဲ့အဖေတို့ဒီပြသနာကိုဖြေရှင်းပေးဖို့နည်းလမ်းရှိတယ်"
Noahမှာမျက်လုံးထဲကျေနပ်အားရတဲ့အရိပ်တွေဖြတ်သန်းသွားပြီးအလျင်အမြန်ခေါင်းကိုငုံ့လိုက်ကာ
"ဒါပေမဲ့သားကြောင့်မောင်လေးထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ၊သားအသုံးမကျတာပါ"
"ဒါသားအမှားမဟုတ်ပါဘူး၊သားကငယ်ငယ်လေးကတည်းသူ့အပေါ်အရမ်းကောင်းခဲ့တာသူကျေးဇူးပြန်ဆပ်သင့်တယ်"
Noahကအတော်ကြာစဥ်းစားပြီးနောက်မျက်ရည်အဝိုင်းသားနဲ့ခေါင်းငြိိမ့်လိုက်ကာ
"မောင်လေးသားကိုအထင်မလွဲဖို့ပဲမျှော်လင့်ပါတယ်၊သူသားကိုအပြစ်မတင်ဖို့ပါဘဲ"
Mr.Johnမှာသူ့သားရဲ့အပြစ်ကင်းစင်တဲ့စကားတွေကြားပြီးသူ့ဆုံးဖြတ်ချက်မှာပိုမိုခိုင်မာလာခဲ့သည်
သူ့ဖုန်းကိုထုတ်လိုက်ပြီးမခေါ်တာကြာပြီဖြစ်တဲ့သူ့သားဆီဖုန်းဆက်လိုက်သည်
တစ်ဖက်မှာတော့Lucasကသူ့လူကြီးနဲ့ပျော်ပျော်ရွှင်လျှောက်လည်ပြီးအိမ်ပြန်အနားယူနေသည်၊သူ့ဖုန်းမြည်သံကြောင့်နိုးလာသည်၊နာမည်ကိုကြည့်လိုက်ပြီးမျက်ခုံးပင့်မိသည်၊သူဖုန်းကိုင်လိုက်တာနဲ့စိုးရိမ်တကြီးဖြစ်နေတဲ့သူ့အဖေသံကိုကြားလိုက်ရတယ်
"Lucasသား"
Lucasမှာသူ့အဖေ့ရဲ့'သား'ဆိုတဲ့ခေါ်သံကြောင့်ကြက်သီးတွေထလာရတယ်
"မင်းအိမ်ကနေထွက်လာတာဘယ်လောက်ကြာနေပြီလဲအားလုံးအဆင်ပြေရဲ့လား"
"အားလုံးအဆင်ပြေပါတယ်"
"ဘာကိုအဆင်ပြေရမှာလဲကိုယ့်အိမ်မဟုတ်တဲ့တခြားနေရာမှာဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ၊မင်းအမေလည်းမင်းထွက်သွားကတည်းကထမင်းလည်းကောင်းကောင်မစားနိုင်ဘူးမင်းဒီညပြန်လာရမယ်driverနဲ့လာကြိုမယ်ဘယ်မှာလဲဆိုတာပြောလိုက်"

System WhiteWhere stories live. Discover now