Arc 1.4

3.6K 330 1
                                    

Unicode

လရောင်အံ့သြမိတယ်၊သူနဲ့ရွယ်တူကောင်လေးမှာတကယ်ကိုခန့်ငြာချောမောသည်

၊ဒီအရွယ်လေးနဲ့အရှိန်အဝါမှာပြင်းထန်လှသည်၊ဒီလောက်ရိုက်ခံရတာတောင်ကြည့်ကောင်းနေသေးတဲ့ဇာတ်လိုက်ကောင်ကိုအမြင်ကတ်မိသည်၊

ဟိုလူဆိုးတွေကလည်းမျက်နှာကိုဘာလို့တချက်ပဲထိုးနေတာလဲ၊လေးငါးချက်လောက်ဆင့်ထိုးလိုက်လေ၊အဲ့ဒါမှပျားတုပ်ခံရသလို့မျက်နှာဖူးယောင်လာမှာလေ၊အရှိန်အဝါကလည်း'ငါကဇာတ်လိုက်'လို့နဖူးမှာစာကပ်ထားသလိုသိသာနေသည်

Whiteခဗျာသူ့hostရဲ့မကောင်းတဲ့အတွေးတွေကြောင်မျက်လုံးတောင်ပြူးလာသည်၊ဇာတ်လိုက်ကသူ့ကိုဘာမှမလုပ်ဘဲနဲ့ဘာလို့ဇာတ်လိုက်ကိုမဟာရန်သူလိုကျိန်ဆဲနေတာကိုနားပင်မလည်နိုင်

[hostသွားမကူညီသေးဘူးလား၊ဇာတ်လိုက်တော်တော်လေးအထိနာနေပီလေ]
Whiteခဗျာအသည်းအသန်ကူညီခိုင်းပေမဲ့သူ့hostမှာတော့နွားနို့ဘူးလေးကိုပိုက်လေနဲ့အေးအေးဆေးဆေးထိုင်သောက်နေသည်

"မပူပါနဲ့whiteရာသူကဇာတ်လိုက်လေမိုးကောင်းကင်ကသူ့ဘက်မှာပဲတွေ့ဖူးလားအလင်းရောင်တောင်သူ့ဘက်မှာစလိုက်မီးလိုထွန်းထားတာ"
[hostသူမသေပါဘူးဒါပေမဲ့ဆေးရုံမှာ၅ရက်လောက်နေလိုက်ရတယ်လေ]

ဟုတ်ပါတယ်မူလဇာတ်ကြောင်းထဲမှာသူ့ကိုပြန်ပေးဆွဲခါနီးဇာတ်လိုက်မကလူတွေကိုအော်ခေါ်ပြီးအကူညီတောင်းလိုက်တာကြောင့်ဘာမှမဖြစ်သွားပေ၊ဒီဇာတ်ကွက်ကြောင့်ဇာတ်လိုက်မှာဇာတ်လိုက်မရဲ့နွားလေးဖြစ်သွားရခြင်းပေ

ကျန်တဲ့သူတွေဆိုရင်ကိုနဲ့မဆိုင်တာကြောင့်မကူညီပေမဲ့ဇာတ်လိုက်မကရဲရဲရင့်ရင်ကူညီပေးလိုက်ခြင်းကြောင်ဇာတ်လိုက်ရဲ့အသည်းလေးမှာရေနွေးထဲထည့်ပြုတ်ခံလိုက်ရသလိုနူးညံ့သွားတော့သည်

နောက်ပိုင်းကတော့happy ending ကြီးပေါ့၊တွေးနေတာကိုရပ်လိုက်ပြီးသောက်ပြီးသွားတဲ့နွားနို့အခွံကိုဘေးကအမှိုက်ပုံးထဲထည့်လိုက်သည်၊ငါလေးကနိုင်ငံကြီးသားလေးပါ

စက်ဘီးကိုဒေါက်ချထားလိုက်သည်၊အင်္ကျီကိုလက်ခေါက်တင်လိုက်သည်၊‌‌ရှေ့ဆံပင်ကိုလက်နဲ့အပေါ်ပင်တင်လိုက်သည်

System WhiteWhere stories live. Discover now