Arc 4.4

418 42 8
                                    


ဝမ်ရိရှင်းဟာဒီ၂လအတွင်းနိုင်ငံကိုပြန်လည်ထူထောင်ဖို့အတွက်အလုပ်ရှုပ်နေတယ်။လာဘ်စားတဲ့မှူးမတ်တွေကိုဖြုတ်ချပြီးအရည်ချင်းပြည့်မှီတဲ့မှူးမတ်တွေကိုအစားထိုးခန့်အပ်သည်။နိုင်ငံကုန်သွယ်မှူကိုတိုးတက်ဖို့လမ်းတွေဖောက်လုပ်သည်။သူ့မှာနားချိန်နည်းနည်းတောင်မရှိပေ။ဒီကိစ္စတွေအားလုံးပြီးသွားရင် သူ့ရဲ့မွေးစားအဖေအတွက်အမှူမှန်စုံစမ်းရမှာပင်။

စုံစမ်းစစ်ဆေးတဲ့ရုံးကိုသွားပြီးအမှူဟောင်းကိုပြန်ရှာရမှာပင်။ပြီးတော့အမှူအတွက်အရေးကြီးတဲ့သက်သေဟောင်းကိုရှာရအုန်းမှာပင်။မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ဟောင်းကိုရှာကြည့်ခဲ့တုန်းကအိမ်တောင်ထိန်းယန် ကအသက်ရှင်ခဲ့တယ်။အဲ့နေ့မတိုင်ခင်ကသူ့အဖေနေမကောင်းလို့အိမ်ခနပြန်သွားခဲ့တော့သူကလွတ်မြောက်သွားခဲ့သည်။အိမ်တော်ထိန်းယန်ကအဖေ့ရဲ့အယုံကြည်ရဆုံးလူယုံတစ်ယောက်ပင်

အရေးကြီးတဲ့ကွင်းဆက်ကိုရှာတွေ့သွားပြီးနောက်သူစာရွက်တစ်ခုပေါ်မှာလူတစ်ဦးပုံကိုကောက်ဆွဲလိုက်သည်။မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ထဲကနေကြိုးစားပြီးရေးဆွဲလိုက်သည်။ဒီလူကဒီအမှုအတွက်အရေးကြီးဆုံးလူပင်။သူကိုယ်တိုင်လှုပ်ရှားလို့မရနိုင်။အခုချိန်မှာသူ့မှာသူလျှိုတွေ‌ရှိနေနိုင်သည်။ဒါ့အပြင်နိုင်ငံကလည်းတည်ငြိမ်ကာစာမှာဘုရင်ပျောက်သွားလို့မဖြစ်ပေ။မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ထဲကနေကြိုးစားပြီးရေးဆွဲလိုက်သည်။ဒီလူကဒီအမှုအတွက်အရေးကြီးဆုံးလူပင်

ဝမ်ရိရှင်းပြတင်းပေါက်ပေါက်အပြင်ကမှောင်ရိပ်ကျနေတဲ့နေရာကိုစိုက်ကြည့်ကာလက်ဟန်ပြလိုက်တော့အရိပ်တပ်သားတစ်ယောက်သူ့ရှေ့ပေါ်လာသည်
"ဒီလူကိုမင်းတို့ရှာလာခဲ့။သူ့ရဲ့မွေးရပ်မြေ ရှန်းယန် မှာသေချာရှာကြည့်။ စစ်သူကြီးအတွက်အမှန်တရားပြန်ပေါ်ပေါက်ဖို့လို့ပြောလိုက် ခရီးလမ်းတစ်လျှောက်သတိရှိရှိနဲ့သွား နောက်ယောင်ခံတဲ့သူရှိလားဆိုတာသေချာကြည့် ကျန်းဆီကိုကောင်ကောင်းမွန်နွန်ခေါ်လာခဲ့ နားလည်လား"
"ဟုတ်ကဲ့ပါမင်းကြီး"
အရိပ်တပ်သားကအမှောင်ထဲသို့ပြေးသွားကာလျင်မြန်စွာပျောက်ကွယ်သွားသည်
အရိပ်တပ်သားထွက်ခွာသွားသည်နဲ့ဝမ်ရိရှင်းမှာသူ့ရင်ဘက်ကနာကျင်မှုကြောင့်မျက်မှောင်ကြုံ့လိုက်သည်။ခနအကြာသွေးများကသူ့နှုတ်ခမ်းပေါ်မှစီးကျလာသည်။သူကတော့ဘာမှမအံ့ဩပေ။သူဒီအဆိပ်မိတာကိုသိတာကြာပြီပင်။သူသိတာနောက်ကျလွန်းသွားပြီပင်။အဆိပ်နာမည်က သွေးအဆိပ်ပင်

System WhiteWhere stories live. Discover now